ကျွန်တော့ကောင်လေးရဲ့ရွာ
အပိုင်း ၄
🍉🍉🍉🍉🍉🍉🍉"အား ကျွတ် ကျွတ် ဟူးး"
မနက်စာစားပြီးတာနဲ့ ခြံရှေ့လေးက တန်းလျား ရှည်လေးမာ စစ်မာန်မခတစ်ယောက် ထိုင်လိုက်လေသည်။
အဒေါ်ယောကျ်ားက လည်း သတင်းစာထိုင်ဖက်နေလေသည်။
"မင်းမလည်းနော် အဲ့ကောင်လေးနဲ့ မပက်သက်နဲ့ လို့ ဒေါ်လေး အစထဲကမပြောဘူးလား "
စစ်မာန်မခရဲ့ အဒေါ်လည်း အနားလာထိုင်ပြီး ပြောတော့။
"အော် ဒေါ်လေးရယ် ကျနော်လည်း ရွာလယ်လမ်းကြီးမာဆိုတော့ မနေတက်တာနဲ့ ဝင်တားတာပါ ""နောက် ဝင်မပါမိစေနဲ့ သားမာန်ရဲ့ "
"အမလေး ကြောက်လွန်းလို့ ဘယ်တော့မှမပါတော့ပါဘူးဗျာ "
"အဲ့ကောင်လေး ကဒီရွာမာ အတော်ဆိုးတာကွ ငါ့သူငယ်ချင်း သားမို့သာ ကြည့်နေတာ မျက်နာကလည်းပြောင်သေး အဲ့ဒါကြောင့် ငါ့သမီး မင်းညီမနဲ့မပေးစားခဲ့တာပေါ့"
"တော်ပါ ကိုသန်းထိုက်ရယ် ဘာထူးလို့လည်း ကျမသမီး ကိုလည်း သူဘဲ အောင်သွယ်ပေးလိုက်တာလေ"
သူတို့ရဲ့သမီး ဖုန်းဟေသာအောင်ကို လည်း အမအမနဲ့ပြောပြီး ရွာကို အလည်လာတဲ့ လုပ်ငန်းရှင်တစ်ယောက်နဲ့ အောင်သွယ်ပေးလိုက်တဲ့ ငဇွဲရယ်ပါ။
"အန်တီ နန်း "
"ရောက်ချလာပါပြီတော် ဟိုမာ ရွာရဲ့ ငမွှေထိုး "
စစ်မာန်ရဲ့အဒေါ် လည်းပြောတော့ စစ်မာန်လည်း လန့်ပြီး အိမ်ထဲဝင်ပြေးမလို့ ကျန်နေတုန်း။
"ဟာ အကို ဘယ်ပြေးမလို့တုန်းဗျ"
ဇွဲကြီးလည်း လက်ထဲကချိုင့်တွေကို စားပွဲပေါ်တင်ပြီး မေးလိုက်တော့
"အိမ်ထဲပြေးမလို့ အမ် မဟုတ်ပါဘူး အိမ်ထဲဝင်မလို့ကွ"
"အာ အကို ကလည်း ဒီမာ အကို့အတွက် ငါးဆန်ပြုတ်လေး ရယ် ဆိတ်သား အစပ်ကြော်လေးရယ် အမေ့ကပေးခိုင်းလိုက်တာ "
YOU ARE READING
ကျွန်တော့်ကောင်လေးရဲ့ရွာ
Romanceရွာကျော် ကောင်ဆိုးလေးကိူ ထိန်းကျောင်းပေမဲ့ သူပါလိူက်ပေါမိသွားတဲ့ စစ်မာန်မခ။