ကျွန်တော့ကောင်လေးရဲ့ရွာ
အပိုင်း ၇
🍉🍉🍉🍉🍉🍉🍉"ကျွီ ကျီ ကလျစ် "
မနက်ခင်းရောက်တော့ အပြင်ဘက်မာ ငှက်ကလေးတွေအသံကို သဲ့သဲ့ ကြားနေရလေသည်။ဇွဲရန်ခန့်ကို တစ်ယောက် အိပ်နေရင်း မျက်လုံးမဖွင့်နိုင်သေးဘဲ ဘေးကိုစမ်းလိုက်လေသည်။
"အင်းးးဟင်"
"ဟက် ကိုခ အိပ်နေတုန်းကို"
သူတို့လည်း ညကမူးနေတာနဲ့ တော်တော်အိပ်ပျော်သွားကြလေသည်။
ခုလည်းကြည့် ကိုခက အိပ်နေတာတောင် ယောကျာ်းပီသပြီး ကြည့်လို့ကောင်းနေလေသည်။ညက သူတို့၅ယောက် အိမ်ရှေ့ခန်းက ကြမ်းပြင်မာဘဲ ဖျာခင်းပြီး အိပ်လိုက်ကြလေသည်။
"ဟွားးးအင်းး"
နိုးလာပြီဖြစ်တဲ့နေဇော်ထက် ကျန်တဲ့ သူတွေကိုကြည့်တော့ အိပ်နေတုန်းပင်။
"ဟျောင့် မင်း "
"ရှုးး"
နေဇော်ထက် ဇွဲရန်ကို ကြည့်လိုက်တော့ စစ်မာန်မခအိပ်ပျော်နေတာကို သေချာကြည့်နေတာ နေဇော်ထက်သိသွားလေသည်။
ဟိုကောင်ကတော့ တိတ်တိတ်နေဆိုသည့်ပုံမျိုးပင်။"ရှုးတွေ ဘာတွေ လုပ်မနေနဲ့ ထခိုင်းလိုက်တော့ အကုန်လုံးကို နာရီလည်းကြည့်အုံး မနက် ၈နာရီထိုးနေပြီ ဟ"
နေဇော်ထက်လည်း ဘေးနားက လူတွေကို လိုက်နှိုးလေသည်။
"ကိုရာဇာ ဟျောင့် ဆန်းကြီး ထကြတော့ "
"ဟင်းးးအင်းး ဟင် မနက်မိုးလင်းနေပြီဘဲ"
မကြာပါဘူး နေဇော်ထက်အသံကြောင့် မခလည်း နိုးလာလေသည်။
"အိပ်ချင်အိပ်လေ ကိုခ"
သူ့ကိုကြည့်ပြီး ပြုံးပြီးပြောတဲ့ဘေးနာက ကောင်လေးကို ကြည့်လိုက်တော့
"မအိပ်တော့ပါဘူးကွာ ဒေါ်လေးအိမ်ပြန်ရမာ ရာဇာ သွားကြမယ် "
YOU ARE READING
ကျွန်တော့်ကောင်လေးရဲ့ရွာ
Romanceရွာကျော် ကောင်ဆိုးလေးကိူ ထိန်းကျောင်းပေမဲ့ သူပါလိူက်ပေါမိသွားတဲ့ စစ်မာန်မခ။