1

467 34 0
                                    

Zawgyi

Matchmaking Alternative (1.1)

Blind date မှာ ဘယ်လို စိတ်လှုပ်ရှားစရာတွေနဲ့ ကြုံတွေ့ရမှာလဲ....

နိုနိုရဲ့ ပထမဆုံး blind date ... သူမ မယုံကြည်နိုင်ဘူး ၊ သူမရဲ့ ကံက ဘာလို့ဒီလောက်တောင်ဆိုးနေရတာလဲ ။

သူမရဲ့ ဆန့်ကျင်ဘက်မှာထိုင်နေတဲ့သူကို ကြည့်ရင်း နိုနို မသိမသာ တံတွေးမျိုချလိုက်တယ် ။ သူ့၏ဘေးဘက်က နေရောင်ခြည်က သူရဲ့ပြီးပြည့်စုံတဲ့ရုပ်ရည်သွင်ပြင်ကို လုံးလုံးလျာလျား ထောက်ပံ့ပေးနေတယ် ၊ ဖြောင့်စင်းနေတဲ့ နှာတံနှင့် မျက်လုံးတွေက အနည်းငယ်ထေ့ငေါ့နေ သည်။ ထို့ပြင် သူရဲ့ နှုတ်ခမ်းပါးတွေက ပြုံးလိုက်ပြီး စကားတစ်ခွန်းပြောလာချိန်မှာ နိုနို သူမရဲ့ခေါင်းကို ငုံ့ထားလိုက်မိတယ် ။

" Miss ရှု ၊ ငါတို့ တစ်ယောက်နဲ့တစ်ယောက် သိပုံရတယ် " လို့ သူပြောလာတယ် ။

ဟုတ်တာပေါ့ သူမတို့ အချင်းချင်းသိကြတယ် ။ လွန်ခဲ့တဲ့ တစ်လလောက်က ၁၇လွှာမှာရှိတဲ့ သူဌေးရဲ့ ရုံးခန်းမှာ သူတို့တွေ့ဖူးတယ် ။

ဒါပေါ့ သေချာပေါက်ကို သူက ယခုလက်ရှိ နိုနိုရဲ့ သူဠေး ရှောင်းရီ ပဲ ။

ယခု ယခုတစ်ခါမှာတော့ သူမရဲ့ ဇာတ်ကောင်က အကန့်သတ်မရှိနေဘူး ၊ သူမ သူမရဲ့ သူဠေးနဲ့ blind date တောင်လုပ်နေခဲ့တယ်။ အရေးကြီးဆုံးက အခုမှ သူမက အစမ်းခန့်ကာလမှာပဲ ရှိနေသေးတယ် ။

လွန်ခဲ့တဲ့ လက သူမမိသားစုနဲ့ သူငယ်ချင်းတွေတားနေတဲ့ကြားက နိုနို နားမထောင်ပဲ လစာအတော်တန်ကောင်းတဲ့ စီမံခန့်ခွဲမှု လုပ်ငန်းကို စွန့်လွှတ်ခဲ့ပြီး လုပ်ငန်းအသစ်ကိုရှာဖွေခဲ့တယ် ။ သူမ အတော်လေး ကံကောင်ခဲ့တယ် ရက်သက်တစ်ပတ်ကျော်မှာပဲ သူမနှစ်သက်တဲ့အလုပ်အသစ်ကို ကုမ္ပဏီ နှစ်ခု သုံးခုလောက်ကနေ ရှာတွေ့ခဲ့တယ်။

ရေးဖြေမှာ အောင်မြင်ခဲ့သလို အင်တာဗျူးမှာလည်း အောင်မြင်ခဲ့တယ် ၊ နိုနိုကို စိတ်ဓါတ်ကျစေသော တစ်ခုတည်းသောအရာက .... အလုပ်စစဝင်ချင်းမှာပဲ သူမရဲ့စိတ်အားထက်သန်မှုတွေကို ရေအေးအေးနဲ့ လောင်းချခံလိုက်ရတာပဲ ။ နိုနိုရဲ့ ကုမ္ပဏီ အသစ်က အရမ်းကျော်ကြားတဲ့ RPG ထုတ်လုပ်ရေး ကုမ္ပဏီ ဖြစ်တယ်။ သူမရဲ့ တာဝန်က အစီစဉ်( plan)တွေကိုရေးဆွဲပြီး စီမံခန့်ခွဲရေးဌာနကဘုတ်အဖွဲ့ကိုတင်ပြရတာဖြစ်တယ် ။

အကျင့်မကောင်းတဲ့ သူဠေး... မပြေးနဲ့  (MM-translation)Nơi câu chuyện tồn tại. Hãy khám phá bây giờ