"မင်းရဲ့ အသိဉာဏ်မဲ့တဲ့ အတွေးတွေရပ်လိုက်"

"အိုခေ ဒါပေမယ့် ငါတစ်ခုပြောမယ် ငါအခုကိုယ်ပိုင် projectတစ်ခုရှိတယ် သူများဟာကိုတော့ အောက်တန်းကျပြီး သွားမရောင်းဘူး။ငါလုပ်ချင်ရင် မင်းကုမ္ပဏီတစ်ခုလုံးက အတွင်းရေးတွေ ရောင်းလို့ရတယ်။CEOက အဲ့လိုမျိုးမစဉ်းစားတတ်ဘူးဆိုရင်တော့ ဒီလို လုပ်ငန်းတွေ ဦးစည်းနေတဲ့သူက ဉာဏ်တိမ်တယ်ဆို ရှက်စရာကောင်းတယ်"

ဘတ်ဟျွန်းက သူ့မှာပါလာတဲ့ ပုံတွေ စားပွဲပေါ်တင်လိုက်တယ်။

"ပြီးတော့ ငါလုပ်ခဲ့တယ်ဆိုရင်တောင် မင်းကို ဒီပုံတွေနဲ ခြိမ်းခြောက်ပြီး အပြစ်ဖို့နိုင်တယ်ဆိုတာ မမေ့နဲ့"

"မင်း!!"

"မိတ္တူစက်တွေက အလကားထားတာမဟုတ်ဘူး"

"မင်းလိုကောင်က အယုတ်တမာပဲ"

"ဒီထက်လည်း ပိုယုတ်မာတတ်တယ်"

ဘတ်ဟျွန်းက ပြောပြီးထွက်လာခဲ့တယ်။သူနဲ့အပြိုင် အခြားတစ်ယောက်စီမှာလည်းProjectတစ်ခုရှိတယ်။ထိုprojectက ပြိုင်ဖက်ကုမ္ပဏီဆီ အရောင်းခံလိုက်ရပြီး ဆုံးရှုံးသွားတယ်။သေချာပေါက် တစ်ယောက်ယောက်ကခိုးရောင်းလိုက်ရတာ။

ဘတ်ဟျွန်း ရုံးခန်းထဲဝင်လာတဲ့အခါ အဖွဲ့မှုးကသူ့ကိုနှင်ထုတ်တယ်

"မင်းလိုသစ္စာဖောက်ကောင်က အထုပ်ဆွဲမပြန်သေးပဲ ဘာလုပ်နေတာလဲ "

"သစ္စာဖောက် ?"

"အဟင်း သူခိုးက လူပြန်ဟစ်တယ်ဆိုတာ ဒါမျိုးပဲ ဒီလို အောင်တန်းကျတဲ့ လုပ်ရက်ကိုလုပ်တဲ့သူက မင်းအပြင်မရှိဘူးပဲ"

"ငါ?အဖွဲမှုးရော မလုပ်နိုင်ဘူးလား"

"မင်းမြန်မြန်ကုမ္ပဏီက ထွက်သွားလိုက်တော့"

"နေပါအုန်း အဖွဲ့မှုး အလုပ်ပြုတ်ခြင်း မပြုတ်ခြင်းကCEOပေါ်မှာ မူတည်တာပါနော်ပြီးတော့ CEOကကျွန်တော့်ယောကျာ်းဆိုတာလည်း မမေ့ပါနဲ့အုန်း အဟက်"

ဘတ်ဟျွန်းက စားပွဲပေါ်ကနေ ဖိုင်တွေယူပြီး အငွေ့ပျံမတက် ဒေါသထွက်နေတဲ့ အဖွဲ့မှုးကို လျစ်လျူရှုကာ ထွက်လာခဲ့တယ်။

𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETED]Where stories live. Discover now