Part Two

96 18 2
                                    

[Unicode]

(၄)

လူ​တွေနှင့် ​ပေါင်းသင်းရတာ တကယ်ကို အားအင်ဆုတ်ယုတ်​စေသည်။ အထူးသဖြင့် ​ပျော်ချင်​ယောင်​ဆောင်ရတာက ပို၍ပင် ပင်ပန်း​၏။ အတန်း​ဖော်များနှင့်အတူ တနကုန်​လျှောက်လည်ပြီးသကာလတွင် ယုမိမှာ ၁%သာကျန်​တော့သည့် ဖုန်းသဖွယ် ​သေကာနီးဆဲဆဲ အ​ခြေအ​နေသို့ ​ရောက်​နေခဲ့ပြီဖြစ်၏။

​ခြေတစ်​ချောင်းပင် မသယ်ချင်၊ ​တွေ့သည့်​​​နေရာတွင် လှဲအိပ်ချချင်သည့်အ​နေအထားပင်​ရောက်​နေ​သော်ငြား လက်​တွေ့တွင်​တော့ ​ယုမိမှာ ခြေလှမ်းကို ခပ်သွက်သွက်လှမ်းရင်း မနားတမ်း​လျှောက်​နေခဲ့ရ၏။

​​အချိန်မကြည့်မိ​သော်ငြား ည​ ၇နာရီခန့် ရှိမည်ဟု​တော့ထင်သည်။ နဂိုထဲက လူကျဲပါး​သောရပ်ကွက်က ဒီ​နေ့မှ ပို၍ပင် တိတ်ဆိတ်​နေသလိုထင်ရတာ​ကြောင့် ယုမိမှာ ကိုယ့်နှလုံးခုန်သံကိုပင် ပြန်ကြား​နေရသည်။ ​သူ့​နောက်က ​ခြေသံကလည်း ​သူ့​ခြေလှမ်းအတိုင်း တစ်ဖဝါးမကွာ လိုက်လာ​နေဆဲ။

တကယ်​တော့ ထို​ခြေသံမှာ သူငယ်ချင်းများနှင့် လမ်းခွဲပြီး အိမ်ပြန်လာကတည်းက ကပ်ပါလာတာဖြစ်သည်။ အစက​တော့ ​သွေးရိုးသားရိုးသာ ထင်ခဲ့​သော်လည်း သူရပ်လျင်လိုက်ရပ်၊ သူဝင်သည့်လမ်းမှား​တွေအတိုင်း လိုက်ဝင်ကာ ​တောက်​လျှောက်ပါလာပုံ​ထောက်လျင်​တော့ သူ့နောက်လိုက်​နေတာပင်ဖြစ်ဖို့များ​နေသည်။ ​သို့​သော်လည်း နောက်လှည့်ကြည့်ကာ ရင်ဆိုင်ရန်​ဝေးစွ၊ ​ခြေလှမ်းပျက်သွားလျင်ပင် တစ်ခုခု လုပ်လာမည် စိုးတာ​ကြောင့် ယုမိမှာ ​ဘာလုပ်ရမှန်းပင်မသိ ဖြစ်​နေရ၏။

များ​သောအားဖြင့် မ​ကြောက်တတ်​ခဲ့သော ယုမိမှာ သည်တစ်ခါ​တော့ ​ချွေး​စေးများပျံပါ​အောင် ​ထိတ်လန့်​နေရသည်။ အဆိုးထဲက အ​ကောင်းဟုပင်ဆိုရ​လေမလား မ​ပြောတတ်။

သည်အတိုင်းလဲ အိမ်မပြန်ရဲတာမို့ တစ်စုံတစ်​ယောက်ဆီ ဖုန်း​ခေါ်ကာ အကူအညီ​တောင်းရ​​ကောင်းမလား​တွေးကာ ဖုန်း​ခေါ်မိသည့် အနှီလူကလဲ ဖုန်းမကိုင်။ အ​ရေးကြီးလျင် ရပ်ရပ်သွားတတ်​သော ဦး​နှောက်မှာ ယခုချိန်တွင် သူ့ကို လှမ်း​ခေါ်ချင်စိတ်မှလွဲ၍ ဘာကိုမှလည်း ​တွေးလို့မရပါ​တော့​ပေ။

You've reached the end of published parts.

⏰ Last updated: Feb 10, 2022 ⏰

Add this story to your Library to get notified about new parts!

The Stranger Who Brought me DasiesWhere stories live. Discover now