Part One

511 48 6
                                    

[Unicode]

(၁)

နင်တို့ ငါမရှိမှ ငါ့တန်ဖိုးသိလိမ့်မယ်။

ဒါ ယုမိတို့ ​ဘေးအိမ်က အန်တီကြီး၏ လက်သုံးစကားများထဲက တစ်ခုဖြစ်သည်။ နံနက်၆နာရီဆို မိသားစုအတွက်ထမင်းဘူး​တွေ တန်းစီပြင်ရင်း အသံစုံ​​ပေးကာ သူ့ကိုပါ အိပ်ရာက အလိုအ​လျောက်နိုး​စေတတ်​သော အနှီအသံရှင်မှာ ယုမီအတွက်​တော့ သဘာဝ နှိုးစက်သဖွယ်ဖြစ်၏။

အမြဲကြား​နေရ၍ပဲလားမသိ တကယ်တမ်း အ​ရေး​ပေါ်လာသည့်အ​ခြေအ​နေတွင် နား​ထဲကြား​ယောင်လာသည်က ထိုအန်တီကြီး၏စကားဖြစ်​နေသည်။ လမ်းမ​လျှောက်တတ်​သေးသည့် ၁နှစ်ခန့်ကိုနုတ်လျင် စုစု​ပေါင်း ၁၆နှစ်။ ထို၁၆နှစ်လုံးလုံး ​နင်းလျှောက်​နေခဲ့စဥ်က​တော့ ကမ္ဘာ​မြေကြီး၏ ​တောင့်တင်းခိုင်မာမှုကို သတိမပြုမိခဲ့​သော်ငြား ​ခြေနှင့်​မြေကြီး လွတ်သွားမှ ​မြေကြီးသည် လူကို အားအင်​တွေဘယ်​လောက်​တောင် ပေး​နေခဲ့မှန်း သိလိုက်ရ​၏။

အခုချိန်မှ​တော့ ဒါ​တွေ​တွေး​နေလည်း အဓိပ္ပါယ်မရှိ​တော့ဟု​တော့ ထင်သည်။ ယုမိ၏ ခြေနှစ်ဖက်လုံးက ​လေဟာနယ်ထဲ ​ရောက်နှင့်​နေခဲ့ပြီးပြီဖြစ်​သော​ကြောင့်ဖြစ်၏။

သည်နှစ်မှာ ​ဆောင်းဝင်တာ​ ၁လနီးပါး စောသည့်အပြင် ​အ​အေးလှိုင်း​ကြောင့် အ​အေးပို​​သောနှစ်ဖြစ်သည်။ ​မ​နေ့ညကတင် နှင်းများသည်းထန်စွာကျထားတာမို့ မနက်ခင်းထိကို နှင်းထုအကြွင်းအကျန်များရှိ​နေဆဲဖြစ်၏။

အချိန်အားဖြင့်က နံနက်​စော​စော။ ​ပုံမှန်ကျောင်းသွားချိန်​လောက်ပင် ဖြစ်​သော်ငြား နှင်းမြူများ​ကြောင့် အလင်း​ရောင်က ​ဖျော့​တော့​နေ​သေးကာ အနည်းငယ်ပို၍​စော​နေသလိုထင်ရသည်။ တံတား​ပေါ်တွင်က ခပ်ကျဲကျဲ ဖြတ်သန်းသွား​နေ​သော စက်ဘီးအချို့၊ ကားအချို့ရှိ​နေ​သော်လည်း လူ​တော့မရှိဟုထင်သည်။

တံတား​​အောက်ဖက်တွင် ဘောင်တန်းကို လက်နှစ်ဖက်ဖြင့် ကုတ်တွယ်ရင်း တန်းလန်းဖြစ်​​နေ​သော ယုမိအသံကို ဘယ်သူမှမကြား။ စင်စစ်​တော့ ယုမိကလည်း ​အော်ဟစ်အကူအညီ​တောင်း​နေခဲ့တာ​တော့ မဟုတ်ပါ​ပေ။

The Stranger Who Brought me DasiesWhere stories live. Discover now