မျက်နှာလေးမဲ့ပြီး ပြောပြနေတဲ့ မင်ကို ကျောပေးပြီး ထိုင်လိုက်သည် ကျောပိုးမယ်ဆိုတဲ့ သဘောနဲ့
မင်ကလည်း မငြင်း လက်ခံသည်
ကျောပေါ်ကို ရောက်လာတဲ့ ခန္ဓာကိုယ်လေးက အတော်ပင် ပေါ့နေတော့ စိတ်ထဲတော့မကောင်း သို့ပေတိ ချီရပိုးရတော့ လွယ်သွားတာပေါ့
အပေါ်က ကိုယ်လေးက အငြိမ်မနေ မျက်နှာနှစ်ခုက ကပ်နေတာကြောင့် သူ့ပါးနဲ့ကျွန်တော့်ပါးကို ကပ်လိုက် နှုတ်ခမ်းထူထူလေးက မထိတထိ လာနမ်းလိုက်နဲ့ အလုပ်ရှုပ်နေသည်
စိတ်ဆိုးနေတဲ့သူက သူမဟုတ်သလိုပင် ပြုမူနေသည် မင်ဟာ တော်တော်ဆိုးပါသည်။
ထိုသို့ဖြင့်ပင် အိမ်ပြန်လမ်းလေးသည်
စဲနေပြီဖြစ်သော မိုးရေတစ်စက်နှစ်စက်ရယ် ပြေပျောက်စပြုနေပြီဖြစ်သော စိတ်ဆိုးခြင်းတစိုးတစိရယ်နဲ့အတူ ကြည်နူးဖို့တော့ ကောင်းနေပေသည်
[[[[[[[[[[[[[Sorry min]]]]]]]]]]]]]]
"ဂျွန်ရေ......"
"အကိုနမ်ဂျွန်းတို့ လမ်းမှာ ရောက်တော့မယ်တဲ့"
"ဟုတ်ပါပြီ မင်ရာ ဘာတွေလောနေတာလဲ"
."ကို အကုန်ပြင်ပြီးပါပြီ readyပဲ"
အိမ်ထဲမှာ ဟင်းချက်နေသူက ခြံထဲတွင် ပြင်ဆင်နေသောသူ့အား တပြန်ကြီး ပြောနေသည်
မပြီးသေးတာက သူလေး
ဒီလိုနဲ့ ကိုယ့်အလုပ်ပြီးတော့ ကိုယ့်ယောကျားအလုပ်ကို ကူလုပ်ပေးဖို့ အိမ်ထဲ ပြေးဝင်ရတော့သည်
မီးဖိုချောင်ထဲ Apronလေးဝတ်ထားကာ ဖင်လေးလှုပ်စိလှုပ်စိနဲ့ သီချင်းညည်းနေပါသော ချစ်ရသူသည် ခုနက သူ့ကို အလောတကြီးခိုင်းနေသူဖြစ်သည်
အသည်းယားတာကြောင့် နောက်ကနေ ခါးသေးသေးလေးကို သိုင်းဖက်လိုက်တော့ မော့ကြည့်လာသည်
ဂျောင်ကု သူ့အပိုင်ယောကျားလေးကို နမ်းလိုက်သော်လည်း ကျွန်တော် ချစ်ရသူက ပြုံးပြုံးလေး လုပ်စရာ ရှိတာသာ လုပ်နေသည်။သူတို့နေ့စဉ်ဘဝတွေမှာ ဒါလေးတွေဟာ ထူးဆန်းတဲ့အရာတွေမှမဟုတ်တော့ပဲ။နေ့ရက်တိုင်းကို အနမ်းချိုချိုတွေနဲ့စတင်ခဲ့တာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲလေ။
YOU ARE READING
Sorry Min || Complete ||
Fanfictionဝေးခဲ့ပြီးပြီ ဒါပေမယ့် ပြန်နီးစပ်နိုင်မလား မင်.... အရာရာအတွက် ကိုယ်ကပဲ တောင်းပန်တယ် (အရေးအသားက အရမ်းနုပါတယ် ဒါကြောင့် စာဖတ်သက်တမ်းရင့်သူတွေအတွက် အဆင်ပြေနိုင်မည်မထင်ပါ) Started date-31 7 2021 Ended date -31 8 2021
Part 10 End
Start from the beginning
