"ထွက်သွားတာမလား ဘာလို့ပြန်လာတာလဲ ခုထွက်သွား အဟင့် အီးးးဟီးးး"

ဂျောင်ကု သူ့အား ပြောဆိုကာ ရိုက်နေသူအား ပြုံးပြုံးကြီးသာ ကြည့်နေမိသည် လက်သန်ကတော့ ပြောင်တယ် ရင်တွေဆို အောင့်ကနဲ ဒါပေမယ့် ချစ်တော့လည်း သည်းခံ...

"ငါက ဂျွန့်ကို မုန်းတော့မှာ ထားသွားရင် ငါက....."
ထိုစကားကိုတော့ သည်းမခံနိုင်ရိုးအမှန်ပါ
မင့် လက်ကလေးတွေကို ချုပ်ကိုင်လိုက်ပြီး နှုတ်ခမ်းနှစ်လွှာကို ဖိကပ်လိုက်သည်

ထိုအခါမှ ငြိမ်ကျသွားတဲ့ မင်
နမ်းရှိုက်နေလိုက်သည် ဘယ်အရာကိုမှ ဉီးနှောက်ထဲ အဝင်မခံပဲ စိတ်အာရုံကို ဒီချိုအီအီနှုတ်ခမ်းလေးပေါ်မှာပဲ တစိုက်မတ်မတ်ထည့်ထားလိုက်သည်

ပြီးနောက် ထိုမုန်းတော့မှာဆိုတော့ နှုတ်ခမ်းလေးကို ဖွဖွလေးကိုက်ပစ်လိုက်သည်

ကဲဟယ် ပြောချင်အုံး

နမ်းတာ တော်တော်ကို ကြာပြီဖြစ်မှ ခွာပေးလိုက်တော့ မျက်လုံးလေးစုံမှိတ်ကာ အသက်ကိုဝဝရှူနေတဲ့ မင် နှုတ်ခမ်းလေးကတော့ နမ်းထားတာကြောင့် စိုစိုစွတ်စွတ်ရယ်သာ

"မင်.....ကို့ကို ခွင့်လွှတ်ပါနော်"

မင်က မျက်စောင်းလှလှလေးထိုးလာပြီး မေးလာသည်
"ဘာကိုလဲ အရင်က ကိစ္စကိုလား ခုကိစ္စကိုလား"

"နှစ်ခုလုံးကို "

"အရင်က ကိစ္စကို ခွင့်လွှတ်တယ် ခုကိစ္စက ဂျွန် လွန်တယ် ငါ ဘယ်လောက်ငိုလိုက်ရလဲ မိုးရေလည်း ရွှဲနေပြီ ခွင့်မလွှတ်ဘူး"

အဆိုးလေးမင်က ဆိုလာ​တော့ အသည်းယားစွာပင်
"အာ ဟုတ်ပါပြီ...မင်ရာ ခွင့်လွှတ်တဲ့ထိ တောင်းပန်မယ် ဟုတ်ပြီလား"

"ခုတော့ ကိုတို့သွားရအောင် မိုးကမရွာတော့ပေမယ့် မင်က မိုးမိထားတယ်မလား"

"အင်းပါ ပြီးရော"
"သွားကြမယ် လာ......."

ဂျောင်ကု မင့်လက်ကလေးကို ဆွဲကာ ပြန်ရန်ပြင်လိုက်လျှင်ပဲ

"အာ့ ဂျွန် ငါ လှုပ်လို့မရဘူး ခြေထောက်ကျင်နေတာ ခုနက မေ့ပြီးထမိတာ"

Sorry Min || Complete ||Where stories live. Discover now