"တော်ပါပြီကွာ....စားရအောင် ငါတော့ စားဖိုမှူးဂျီမင့်လက်ရာကို သရေကျနေပြီ"
အကိုဆော့ဂျင်သည် သူတို့နှင့် မြန်မြန်ပင် ခင်မင်သွားပြီး ညီကိုရင်းလို ပြောဆိုနေတော့ သူတို့လည်း အမ်းတမ်းတမ်းဖြစ်မနေတော့ပေ
"ကောင်းကောင်းစားပါ့မယ်"
ဆိုပြီး သူတို့အကုန် အားပါတရစားလိုက်
စကားလေးပြောလိုက်နှင့် ညနေခင်းလေးသည် ပျော်ပျော်ရွှင်ရွှင်ပင်ဖြစ်သည်
#########Sorry min##########
ကျွန်တော်တို့က မေ့နေကြတာ ပြသနာ တစ်ခုကို ကိုယ်ချစ်ရသူရဲ့လက်ကိုတွဲပြီး ပွင့်ပွင့်လင်းလင်းတိုင်ပင်ကာ ဖြေရှင်းရင်ရတယ်ဆိုတာကိုပေါ့
ပြီးတော့ ချစ်ရသူတွေအပေါ် အမှားလုပ်ထားမိရင် တောင်းပန်ဖို့ကို ဝန်မလေးပါနဲ့
သူတို့က လက်မခံခဲ့ရင်တောင် အကြိမ်ကြိမ်တောင်းပန်ပါ
တောင်းပန်မှုဟာအောင်မြင်ပြီး ခွင့်လွှတ်ခြင်းတွေရယူကျော်လွန်ပြီးချိန်မှာ ပျော်ရွှင်ခြင်းဆိုတဲ့ အရာက စောင့်မျှော်နေတတ်တယ်ဆိုတာ ဒီficလေးနဲ့အတူ ကျွန်တော်တို့ ဇာတ်ကောင်နှစ်ဉီးကသက်သေမလို့ပဲလေ
💜💜💜💜💜The End💜💜💜💜💜
ပြီးသွားပါပြီ ဒုတိယမြောက်ficကလေးဖြစ်သလို ပထမဆုံးပြီးတဲ့ ficကလေးပါ ဖတ်ပေးတဲ့အချစ်တွေကို အနူးအညွတ်ကျေးဇူးတင်ပါတယ်
အရေးအသားညံ့ပြီး ပေါ့ပျက်ပျက်နိုင်တာတွေအတွက်လည်း အနူးအညွတ်တောင်းပန်ပါတယ်။
#with love
Ended date-31 8 2021 Tue
.
.
.
.
.
Zawgyi
"ဂျွန်......!""
ထွက်သွားပြီဟုထင်မှတ်ထားသော သူအား ဂျီမင် မတ်တပ်ရပ်ကာ ဖက်လိုက်သည်
ထိုနှစ်ယောက်စလုံးက မျက်ရည်တွေကျနေကြတာ အပြိုင်အဆိုင်။ လက်လွှတ်ရမယ်လို့ တွေးထင်ထားတာကိုး ကျပါစေလေ ဒီမျက်ရည်တွေက နောက် ကျစမ်းပါဆိုတောင် ကျရတော့မှာမဟုတ်
ဂျောင်ကုလည်း ကျောပြင်လေးကို ပုတ်ပေးနေလိုက်သည်
ထိုအချိန် ဖက်ထားသူက ခွာလိုက်ပြီး ဂျောင်ကုရင်ဘတ်အား တဖုန်းဖုန်း ထုရိုက်လာသည်
YOU ARE READING
Sorry Min || Complete ||
Fanfictionဝေးခဲ့ပြီးပြီ ဒါပေမယ့် ပြန်နီးစပ်နိုင်မလား မင်.... အရာရာအတွက် ကိုယ်ကပဲ တောင်းပန်တယ် (အရေးအသားက အရမ်းနုပါတယ် ဒါကြောင့် စာဖတ်သက်တမ်းရင့်သူတွေအတွက် အဆင်ပြေနိုင်မည်မထင်ပါ) Started date-31 7 2021 Ended date -31 8 2021
Part 10 End
Start from the beginning
