"အွန်းဟုတ်တယ် အဲ့တာကြောင့် မြင်ဖူးတယ်မှတ်နေတာ"

ထိုအခါ မရှင်းမရှင်းဖြစ်နေသူ ဂျီမင်က ဝင်မေးရသည်

"ဂျွန် ဘာများလဲ"

"ဟိုတစ်ခါ မီးပျက်တုန်းက သိတယ်မလား မင်"

"အင်း"

"အဲ့တာ ကားတိုက်မှုဖြစ်တဲ့ထဲ ပါတဲ့အကိုလေ"

"သိပြီ...သိပြီ အကိုဆော့ဂျင် အခုကောင်းသွားပြီလား"

"ကြာနေမှပဲကွာ...ကောင်းသွားပါပြီ"

"ဟုတ်..."

"အဲ့တုန်းကလေ သိလားဂျီမင် ဂျောင်ကုပေါ့ မင်လို့ပြောပြီး သူ့ကားနဲ့ဖုန်းကို အကို့ကိုပေးပြီး လူနာတင်ယာဉ်တောင် ခေါ်မပေးနိုင်ဘဲ ထွက်ပြေးသွားတာလေ အကိုဆိုကြောင်သွားတာပဲ"

ဒါဆို သူ့ဆီကို အမောတကောပြေးလာတဲ့ဂျောင်ကုက ထို ကိစ္စနဲ့ ကြုံတွေ့ခဲ့တာပေါ့

ဂျွန်ကို ကြည့်မိတော့ ပြုံးပြကာ လက်ကလေးကို ဆုပ်ကိုင်လာသည်

ဂျွန်က ချစ်တတ်လိုက်တာ

"အဲ့နေ့တုန်းက အကိုကဆိုက်ထဲလိုက်ရင်းနဲ့
ကားက ပျက်နေတာနဲ့ companyက ကားနဲ့ပြန်ရင်းကနေ ဖြစ်သွားတာ ကံဆိုးတာပေါ့ကွာ"

ထိုအခါ ဂျောင်ကု မှ

"ဟုတ်တယ် အကို ကျွန်တော်မြင်တယ် ကားက မူမမှန်ဖြစ်နေတာ"

"ဒါနဲ့ ဖုန်းနဲ့ကား ပြန်ယူပြီးပြီမလား"

"ဟုတ် စခန်းက အသိပေးလာလို့ သွားယူဖြစ်ပါတယ်"

"အင်းအင်းး"

"အကိုတောင် ဂျင့်ကို စိတ်ပူလို့တန်း ပြန်လာတာ သူသက်သာတော့ ဂျီမင့်ဆီလာခဲ့တာ"

"ဪ....အကိုဆော့ဂျင်ကို စိတ်ပူပြီး ပြန်လာတာပေါ့ ကျွန်တော့်ကိုတော့ မေ့နေတာပေါ့ ဟုတ်လား အကိုနမ်ဂျွန်း"

"အဲ့လိုလဲ မဟုတ်ပါဘူးကွာ"

"မသိဘူးဗျာ...စိတ်ဆိုးတယ်"

အကိုနမ်ဂျွန်းနဲ့နေရင် ကလေးစိတ်လေးတွေ ပေါ်ပေါ်လာတတ်တဲ့ မင့််ကို ကျွန်တော်သည် အရမ်းကို ချစ်ရပါသည်

Sorry Min || Complete ||Where stories live. Discover now