"ဂျွန်...ဘာတွေငေးနေတာလည်း မြန်မြန်လုပ်ရအောင်"
ဂျီမင် သိတာပေါ့ သူ့တို့ ဓာတ်ပုံလေးကို ငေးကြည့်နေတယ်ဆိုတာ
"အာ..အင်း ဟုတ်ပြီ ကိုငေးမိသွားတယ်"
ထိုချိန် ကားဟွန်းသံ ကြားရ၍ ဂျီမင် တံခါးသွားဖွင့်ပေးရသည်. မသွားခင်
"ဂျွန် ဟင်းပွဲတွေ ချထားနှင့်နော်"
"အင်းပါဗျာ သွားဖွင့်ပေးလိုက်ပါအုံး"
သူတို့အိမ်သည် အရင်ကလို လုံးကျဉ်းတိုက်မျိုးမဟုတ်တော့ ပြန်ပြုပြင်ထားပြီး ခြံကိုလည်း တိုးချဲ့ထားသည် အလုပ်သမားကတော့ မခေါ်ပါ နှစ်ယောက်တည်း အေးအေးချမ်းချမ်းနေချင်သည်မို့
xxxxxxxxxxxxxxx
xxxxxxxxxxxxxxxxx
လေးထောင့် စားပွဲတွင် ဂျီမင်ဘေး၌ ဂျောင်ကုထိုင်ကာ သူတို့နှစ်ယောက်နှင့် မျက်နှာချင်းဆိုင်တွင် အကိုနမ်ဂျွန်းနဲ့ သူ့ချစ်သူဆိုသူ ထိုင်နေလေသည်
အကိုနမ်ဂျွန်း ဂျွန်နှင့်သူ၏ လက်ထပ်ပွဲပြီးမှ ချစ်သူရှိကြောင်း အသိပေးလာသည်
ပြီးတော့လည်း ချစ်သူသက်တမ်းက သုံးနှစ်များတောင် ရှိပြီတဲ့လေ ဘယ်လောက်တောင် သိုသိပ်တတ်ပါသနည်း
"ဂျီမင်နဲ့ဂျောင်ကု ဒါအကို့ချစ်သူ ဆော့ဂျင်တဲ့လေ"
"ဟုတ်....မင်္ဂလာပါ အကိုဆော့ဂျင် ကျွန်တော်က ဂျီမင်ပါ"
"အွန်း...မင်္ဂလာပါ ဒီက ဂျီမင်နဲ့ဂျောင်ကုကို နမ်ဂျွန်းပြောပြလို့ သိနှင့်နေပါပြီ"
"ဟုတ်...အကိုဆော့ဂျင်"
ဆော့ဂျင်....ဂျီမင်ဆိုသော ကောင်လေးနဲ့ပဲ မိတ်ဆက်ကာ ဂျောင်ကုဆိုသူကို ကြည့်လိုက်တော့ မြင်ဖူးသလို ရှိနေသည်
" ဒါနဲ့ ဒီက ဂျောင်ကုကို အကိုမြင်ဖူးသလိုပဲ"
"ဗျာ...ဟုတ်လား ကျွန်တော်တော့ မမှတ်မိဘူး"
ဆိုကာ ခေါင်းလေးကို ကုတ်လိုက်တော့ လက်က တက်တူးလေးကို မြင်ကာ သတိရသွားသည်
"ဪ သိပြီ ဟိုတစ်ခါ ဒီလမ်းထိပ်မှာ ကူညီတဲ့ညီလေးပဲ"
"အာ...Accident တုန်းက အကိုလား"
YOU ARE READING
Sorry Min || Complete ||
Fanfictionဝေးခဲ့ပြီးပြီ ဒါပေမယ့် ပြန်နီးစပ်နိုင်မလား မင်.... အရာရာအတွက် ကိုယ်ကပဲ တောင်းပန်တယ် (အရေးအသားက အရမ်းနုပါတယ် ဒါကြောင့် စာဖတ်သက်တမ်းရင့်သူတွေအတွက် အဆင်ပြေနိုင်မည်မထင်ပါ) Started date-31 7 2021 Ended date -31 8 2021
Part 10 End
Start from the beginning
