အသည်းယားတာကြောင့် နောက်ကနေ ခါးသေးသေးလေးကို သိုင်းဖက်လိုက်တော့ မော့ကြည့်လာသည်
ဂျောင်ကု သူ့အပိုင်ယောကျားလေးကို နမ်းလိုက်သော်လည်း ကျွန်တော် ချစ်ရသူက ပြုံးပြုံးလေး လုပ်စရာ ရှိတာသာ လုပ်နေသည်။သူတို့နေ့စဉ်ဘဝတွေမှာ ဒါလေးတွေဟာ ထူးဆန်းတဲ့အရာတွေမှမဟုတ်တော့ပဲ။နေ့ရက်တိုင်းကို အနမ်းချိုချိုတွေနဲ့စတင်ခဲ့တာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲလေ။
"ဘာကူရအုံးမလဲ မင်"
"ဟင့်အင် ဒါလေး လက်စသတ်ပြီးရင် ပြီးပြီ"
"အွန်းးးချစ်တာ"
"ဘာဆိုင်လဲ"
"မသိဘူး ချစ်တယ်"
"အဟွန်းး"
ဂျွန်ပြောလာတဲ့ စကားကြောင့် ဂျီမင် အသံထွက်အောင်ပင် ရီမိလေသည် ဂျွန်က ဆိုးတုန်းးး(ချစ်ဖို့ကောင်းအောင်)
အဲ့လိုပါပဲ ကျွန်တော်တို့က အပြန်အလှန်ဆိုးတတ်ကြသည် ထိုသို့ တစ်ယောက်က ဆိုးပြရင် တစ်ယောက်ကချစ်ပြကြသည် ဒီလိုသဘောမျိုးလေးတွေက ကျွန်တော်တို့ချစ်ခြင်းရဲ့နိယာမ
========================
အကုန်ပြင်ဆင်ပြီးတော့ ဟင်းပွဲတွေကို ခြံထဲကို သွားထားရမည် ဖြစ်သည်
ခြံထဲသို့ သွားရန် ဧည့်ခန်းကို ဖြတ်ရတော့ နံရံတွင် တွေ့ရသည်က သူနဲ့မင်ရဲ့ မင်္ဂလာဓာတ်ပုံလေးပင် ထိုအရာကို မြင်တိုင်း သူ့နှုတ်ခမ်းထက် အပြုံးက ခိုတွဲနေသည်က အမြဲတစေ
သူနဲ့မင် လက်ထပ်ခဲ့သည် လွန်ခဲ့သော တစ်လကပေါ့ နှစ်ဖက်မိဘတွေကလည်း သဘောတူခဲ့ပါတယ်။ထိုနေ့ကဆို မင့်အမမှာလည်း ငိုနေခဲ့တာ သူ့မောင်ကို ဒီလိုမျိုးပြန်ပြုံးနိုင်တာကို မြင်ရလို့တဲ့လေ။ ခုတော့ USကို ထွက်သွားလေပြီ
မင့်ကို သေချာဂရုစိုက်ပေးဖို့မှားထားခဲ့သေးသည်။
ဂုဏ်ပကာသနတွေမလိုဘူးလို့ မင်ပြောပေမယ့် ကိုယ့်ယောကျားလေးကို တင့်တင့်တယ်တယ်နဲ့တော့ ယူချင်တာပေါ့
ဟင်းပန်းကန်တွေကိုင်ပြီး ပြုံးကာရပ်နေသော ဂျောင်ကုကို ဂျီမင်လှမ်းသတိပေးလိုက်သည်.
YOU ARE READING
Sorry Min || Complete ||
Fanfictionဝေးခဲ့ပြီးပြီ ဒါပေမယ့် ပြန်နီးစပ်နိုင်မလား မင်.... အရာရာအတွက် ကိုယ်ကပဲ တောင်းပန်တယ် (အရေးအသားက အရမ်းနုပါတယ် ဒါကြောင့် စာဖတ်သက်တမ်းရင့်သူတွေအတွက် အဆင်ပြေနိုင်မည်မထင်ပါ) Started date-31 7 2021 Ended date -31 8 2021
Part 10 End
Start from the beginning
