"ဟုတ်..."
"အဲ့တုန်းကလေ သိလားဂျီမင် ဂျောင်ကုပေါ့ မင်လို့ပြောပြီး သူ့ကားနဲ့ဖုန်းကို အကို့ကိုပေးပြီး လူနာတင်ယာဉ်တောင် ခေါ်မပေးနိုင်ဘဲ ထွက်ပြေးသွားတာလေ အကိုဆိုကြောင်သွားတာပဲ"
ဒါဆို သူ့ဆီကို အမောတကောပြေးလာတဲ့ဂျောင်ကုက ထို ကိစ္စနဲ့ ကြုံတွေ့ခဲ့တာပေါ့
ဂျွန်ကို ကြည့်မိတော့ ပြုံးပြကာ လက်ကလေးကို ဆုပ်ကိုင်လာသည်
ဂျွန်က ချစ်တတ်လိုက်တာ
"အဲ့နေ့တုန်းက အကိုကဆိုက်ထဲလိုက်ရင်းနဲ့
ကားက ပျက်နေတာနဲ့ companyက ကားနဲ့ပြန်ရင်းကနေ ဖြစ်သွားတာ ကံဆိုးတာပေါ့ကွာ"
ထိုအခါ ဂျောင်ကု မှ
"ဟုတ်တယ် အကို ကျွန်တော်မြင်တယ် ကားက မူမမှန်ဖြစ်နေတာ"
"ဒါနဲ့ ဖုန်းနဲ့ကား ပြန်ယူပြီးပြီမလား"
"ဟုတ် စခန်းက အသိပေးလာလို့ သွားယူဖြစ်ပါတယ်"
"အင်းအင်းး"
"အကိုတောင် ဂျင့်ကို စိတ်ပူလို့တန်း ပြန်လာတာ သူသက်သာတော့ ဂျီမင့်ဆီလာခဲ့တာ"
"ဪ....အကိုဆော့ဂျင်ကို စိတ်ပူပြီး ပြန်လာတာပေါ့ ကျွန်တော့်ကိုတော့ မေ့နေတာပေါ့ ဟုတ်လား အကိုနမ်ဂျွန်း"
"အဲ့လိုလဲ မဟုတ်ပါဘူးကွာ"
"မသိဘူးဗျာ...စိတ်ဆိုးတယ်"
အကိုနမ်ဂျွန်းနဲ့နေရင် ကလေးစိတ်လေးတွေ ပေါ်ပေါ်လာတတ်တဲ့ မင့်ကို ကျွန်တော်သည် အရမ်းကို ချစ်ရပါသည်
"တော်ပါပြီကွာ....စားရအောင် ငါတော့ စားဖိုမှူးဂျီမင့်လက်ရာကို သရေကျနေပြီ"
အကိုဆော့ဂျင်သည် သူတို့နှင့် မြန်မြန်ပင် ခင်မင်သွားပြီး ညီကိုရင်းလို ပြောဆိုနေတော့ သူတို့လည်း အမ်းတမ်းတမ်းဖြစ်မနေတော့ပေ
"ကောင်းကောင်းစားပါ့မယ်"
ဆိုပြီး သူတို့အကုန် အားပါတရစားလိုက်
စကားလေးပြောလိုက်နှင့် ညနေခင်းလေးသည် ပျော်ပျော်ရွှင်ရွှင်ပင်ဖြစ်သည်
#########Sorry min##########
ကျွန်တော်တို့က မေ့နေကြတာ ပြသနာ တစ်ခုကို ကိုယ်ချစ်ရသူရဲ့လက်ကိုတွဲပြီး ပွင့်ပွင့်လင်းလင်းတိုင်ပင်ကာ ဖြေရှင်းရင်ရတယ်ဆိုတာကိုပေါ့
ပြီးတော့ ချစ်ရသူတွေအပေါ် အမှားလုပ်ထားမိရင် တောင်းပန်ဖို့ကို ဝန်မလေးပါနဲ့
သူတို့က လက်မခံခဲ့ရင်တောင် အကြိမ်ကြိမ်တောင်းပန်ပါ
တောင်းပန်မှုဟာအောင်မြင်ပြီး ခွင့်လွှတ်ခြင်းတွေရယူကျော်လွန်ပြီးချိန်မှာ ပျော်ရွှင်ခြင်းဆိုတဲ့ အရာက စောင့်မျှော်နေတတ်တယ်ဆိုတာ ဒီficလေးနဲ့အတူ ကျွန်တော်တို့ ဇာတ်ကောင်နှစ်ဉီးကသက်သေမလို့ပဲလေ
💜💜💜💜💜The End💜💜💜💜💜
ပြီးသွားပါပြီ ဒုတိယမြောက်ficကလေးဖြစ်သလို ပထမဆုံးပြီးတဲ့ ficကလေးပါ ဖတ်ပေးတဲ့အချစ်တွေကို အနူးအညွတ်ကျေးဇူးတင်ပါတယ်
အရေးအသားညံ့ပြီး ပေါ့ပျက်ပျက်နိုင်တာတွေအတွက်လည်း အနူးအညွတ်တောင်းပန်ပါတယ်
Ended date-31 8 2021 Tue
.
.
.
.
.
#with love
YOU ARE READING
Sorry Min || Complete ||
Fanfictionဝေးခဲ့ပြီးပြီ ဒါပေမယ့် ပြန်နီးစပ်နိုင်မလား မင်.... အရာရာအတွက် ကိုယ်ကပဲ တောင်းပန်တယ် (အရေးအသားက အရမ်းနုပါတယ် ဒါကြောင့် စာဖတ်သက်တမ်းရင့်သူတွေအတွက် အဆင်ပြေနိုင်မည်မထင်ပါ) Started date-31 7 2021 Ended date -31 8 2021
Part 10 End
Start from the beginning
