Part 10 End

Depuis le début
                                        

သူတို့အိမ်သည် အရင်ကလို လုံးကျဉ်းတိုက်မျိုးမဟုတ်တော့ ပြန်ပြုပြင်ထားပြီး ခြံကိုလည်း တိုးချဲ့ထားသည် အလုပ်သမားကတော့ မခေါ်ပါ နှစ်ယောက်တည်း အေးအေးချမ်းချမ်းနေချင်သည်မို့

xxxxxxxxxxxxxxx
xxxxxxxxxxxxxxxxx

လေးထောင့် စားပွဲတွင် ဂျီမင်ဘေး၌ ဂျောင်ကုထိုင်ကာ သူတို့နှစ်ယောက်နှင့် မျက်နှာချင်းဆိုင်တွင် အကိုနမ်ဂျွန်းနဲ့ သူ့ချစ်သူဆိုသူ ထိုင်နေလေသည်

အကိုနမ်ဂျွန်း ဂျွန်နှင့်သူ၏ လက်ထပ်ပွဲပြီးမှ ချစ်သူရှိကြောင်း အသိပေးလာသည်

ပြီးတော့လည်း ချစ်သူသက်တမ်းက သုံးနှစ်များတောင် ရှိပြီတဲ့လေ ဘယ်လောက်တောင် သိုသိပ်တတ်ပါသနည်း

"ဂျီမင်နဲ့ဂျောင်ကု ဒါအကို့ချစ်သူ ဆော့ဂျင်တဲ့လေ"

"ဟုတ်....မင်္ဂလာပါ အကိုဆော့ဂျင် ကျွန်တော်က ဂျီမင်ပါ"

"အွန်း...မင်္ဂလာပါ ဒီက ဂျီမင်နဲ့ဂျောင်ကုကို နမ်ဂျွန်းပြောပြလို့ သိနှင့်နေပါပြီ"

"ဟုတ်...အကိုဆော့ဂျင်"

ဆော့ဂျင်....ဂျီမင်ဆိုသော ကောင်လေးနဲ့ပဲ မိတ်ဆက်ကာ ဂျောင်ကုဆိုသူကို ကြည့်လိုက်တော့ မြင်ဖူးသလို ရှိနေသည်

" ဒါနဲ့ ဒီက ဂျောင်ကုကို အကိုမြင်ဖူးသလိုပဲ"

"ဗျာ...ဟုတ်လား ကျွန်တော်တော့ မမှတ်မိဘူး"
ဆိုကာ ခေါင်းလေးကို ကုတ်လိုက်တော့ လက်က တက်တူးလေးကို မြင်ကာ သတိရသွားသည်

"ဪ သိပြီ ဟိုတစ်ခါ ဒီလမ်းထိပ်မှာ ကူညီတဲ့ညီလေးပဲ"

"အာ...Accident တုန်းက အကိုလား"

"အွန်းဟုတ်တယ် အဲ့တာကြောင့် မြင်ဖူးတယ်မှတ်နေတာ"

ထိုအခါ မရှင်းမရှင်းဖြစ်နေသူ ဂျီမင်က ဝင်မေးရသည်

"ဂျွန် ဘာများလဲ"

"ဟိုတစ်ခါ မီးပျက်တုန်းက သိတယ်မလား မင်"

"အင်း"

"အဲ့တာ ကားတိုက်မှုဖြစ်တဲ့ထဲ ပါတဲ့အကိုလေ"

"သိပြီ...သိပြီ အကိုဆော့ဂျင် အခုကောင်းသွားပြီလား"

"ကြာနေမှပဲကွာ...ကောင်းသွားပါပြီ"

Sorry Min || Complete ||Où les histoires vivent. Découvrez maintenant