Special episode(bonus🎉)

7.3K 369 15
                                    

*Unicode *

"Lili "

" အွန်း ပြောလေ Jenရဲ့"

"Jen ကို ရိုးသွားပြီလား"

" ဟောဗျာ ဘာဖြစ်တာတုန်း ရုတ်တရက်ကြီး။"

Lisa နဲ့ Jen နဲ့က korea ပြန်ရောက်ပြီး သိပ်မကြာခင်ပဲ မင်္ဂလာထပ်ဆောင်ပြီး လူသိရှင်ကြားလက်ထပ်ခဲ့ကြတယ်လေ။ Lisa လမ်းပြန်လျောက်လို့အဆင်ပြေတာနဲ့ တန်းလက်ထပ်လိုက်ကြတာပါပဲ။ အခုဆို အတူနေကြတာ ငါးလတောင်ကျော်ရောပေါ့။

Jen က သူ့ဒယ်ဒီဆေးရုံမှာပဲ Somi တို့နဲ့အတူ အလုပ်ပြန်ဝင်နေသလို Lisa လည်း Company ကိုပြန်ဦးစီးနေတယ်။

အခုဆိုရင် Lisa အဖေတောင် company ကို သွားစရာမလိုတော့ဘူး။ Lisa ပဲ အစအဆုံး ပြန်လုပ်နေပြီ။ Irene တို့ရယ် D.O တို့ အတွဲရယ်နဲ့ တွဲလုပ်နေတော့ အလုပ်က ပိုအောင်မြင်သလို Project တွေလည်း ထပ်ချဲ့နေတာမို့ ပိုလည်း အလုပ်ရှုပ်လာပါတယ်။ ချစ်ရတဲ့အမျိုးသမီးလေးကနံဘေးမှာ အတူရှိနေတော့ Lisaက အရင်ကထက်ပိုပြီး ဦးဆောင်နိုင်စွမ်းတွေနဲ့  တာဝန်ယူနိုင်မှုတွေရှိလာတယ်။

ဒီညလည်း အလုပ်မပြတ်သေးတာမို့ အိပ်ချိန်ကျော်တာတောင် အခန်းထဲက စားပွဲမှာ Laptop တစ်လုံးရယ် စာရွက်စာတမ်းတွေရယ်နဲ့ ရှုပ်နေတဲ့ Lisa ကို မဟေသီလေးက မေးခွန်းထုတ်လာတာပါ။ လက်ထပ်ပြီးမှ Jen က ပိုပြီး ကလေးဆန်သွားသလိုပဲ Lisa အပေါ်ကို။ အရမ်းလည်းချွဲတယ်။ Lisa ကတော့ ချစ်တာမှတုန်လို့ပေါ့။

"သိပါတယ်။ Jen ကို နှစ်ကြာကြီးချစ်ခဲ့တာဆိုတော့ ရိုးပြီပေါ့လေအင်းပေါ့ Jen က ပျင်းစရာကောင်းတာကိုး"

Lisa's pov: 'ရော် ဒီကလေးမ ဒရာမာတွေချိုးနေပြန်ပြီမှန်းစမ်း ဒီနေ့ဘာနေ့လဲ။ ဪ period timeပဲ'

Lisa လည်း သူ့ဇနီးလေး စိတ်အားငယ်တဲ့အချိန်ဆိုတာ သတိရသွားတာကြောင့် Laptop ကိုပိတ်၊ တပ်ထားတဲ့ မျက်မှန်ကိုချွတ်လိုက်ပြီး Jen အနားလျောက်သွားလိုက်တယ်။ ကုတင်ပေါ်တစောင်းထိုင်လိုက်ပြီး Jen ရဲ့ ဆံပင်လေးတွေကို သပ်ပေးလိုက်တယ်။

Mine (U+Z) [COMPLETED] Where stories live. Discover now