Part 4

4.8K 329 6
                                    

*Unicode *

Lisaတို့ ပါတီပွဲကို ရောက်တော့ အကင်တွေတောင် ကင်နေကြပြီ။ ရှန်ပိန်တွေ ဝိုင်တွေနဲ့။

Irene နဲ့ Lisa တို့နှစ်ယောက်လည်း ရှန်ပိန်တစ်ယောက် တစ်ခွက်နဲ့ ခြံထောင့်က စားပွဲ ဝိုင်းလေးမှာ ထိုင်ရင်း party ကို ကြည့်နေလိုက်တယ်။ ဒီနေရာကနေဆို တစ်ခြံလုံးကို သေချာမြင်နေရတယ်လေ။

Party အသေးစားလေးဆိုပေမယ့် ဒီညနေ Jisoo တို့ အသိ ဆရာဝန်လောကက ဧည့်သည်တွေလည်း လာပြီး ဂုဏ်ပြုကြတာမို့ လူတော့ နည်းနည်းစည်နေတယ်။

Jisoo တို့စုံတွဲက ဧည့်သည်တွေကို ဧည့်ခံနေရင်း Lisa တို့ကိုတွေ့တော့ ခနနေ လာခဲ့မယ်ဆိုပြီး အမူအရာနဲ့ပြောနေတယ်။ Lisa တို့လည်းခေါင်းညိတ်ပြလိုက်တယ်။

Jennieရော ရောက်နေပြီလားလို့ Lisaလိုက်ကြည့်မိသေးပါတယ်။ အရိပ်အယောင်မတွေ့ရပုံထောက်ရင် မရောက်သေးဘူးထင်ပါရဲ့။

Lisa က ဘယ်လောက် ဟန်ဆောင်ကောင်းကောင်း Ireneကတော့ Lusa မူပျက်နေတာ ရိပ်မိပါတယ်။

Irene: " Lisa နင် Jennie ကိုရှာနေတာမလား"

Lisa: " အာ မဟုတ်ပါဘူး"

Irene: " လာမလိမ်ပါနဲ့ဟာ Sooသူငယ်ချင်း Kim Jennieနဲ့ နင့်ရဲ့ Diary စာအုပ်ထဲမှာ အက်ကြောင်းထပ်အောင် နင် တ Jen Jen နဲ့ ရေးထားတဲ့ နင့်ရဲ့ ချစ်ဦးသူနဲ့က အတူတူဘဲမလား"

Irene က Lisa ရဲ့ Diary စာအုပ်ကို ဖတ်ဖူးပါတယ်။ Lisa ပေးဖတ်လို့တော့ မဟုတ်ဘူး။ သူ့ဘာသာ မတော်တဆ ဖတ်ဖူးတာ။

အဲ့တုန်းက သူ့စာအုပ်ဖတ်နေတဲ့ Irene ကို ရေချိုးခန်းထဲက ထွက်လာတဲ့ Lisa က တွေ့ပြီး ရှက်ရှက်နဲ့ စာအုပ်လိုက်ဆွဲလုသေးတယ်။
နောက်တော့ လက်လျော့ပြီး သူပေးဖတ်ပါတယ်။

Irene လည်း သူ့ကို မြိုသိပ်မထားဘဲ Irene ဆီမှာ ရင်ဖွင့်လို့ရကြောင်း ခနခနပြောမှ နောက်ပိုင်း Jen နဲ့ အကြောင်း၊ သူအငြင်းခံရကြောင်း၊ သူ ဘယ်လို ဟန်ဆောင်ခဲ့ကြောင်းတွေသိရပါတယ်။

Irene ကတော့ Lisa ကို သနားတယ်။ အခု ငါးနှစ်ကြာပြီးမှပြန်တွေ့တာတောင် သူ့ခမျာ ပျော်တဲ့ခံစားချက်လေးကိုတောင် အပြင်ထုတ်မပြရဲဘဲ သိမ်းထားရှာတာ။ သူကြောက်နေတာ Irene သိပါတယ်။

Mine (U+Z) [COMPLETED] Where stories live. Discover now