Part 5

4.5K 292 3
                                    

*Unicode *

မနက်ရောက်တော့ ညတုန်းက အများကြီးမသောက်ထားတဲ့ Jen က အရင်နိုးလာပါတယ်။ မျက်လုံးဖွင့်ဖွင့်ချင်း တန်းမြင်လိုက်ရတဲ့ မိမိရင်ခွင်ထဲက မဟာနဖူးလေးကြောင့် မျက်လုံးတွေမှေးသွားတဲ့အထိပြုံးမိတယ်။

သဘောကျလိုက်တာ ဒီအခြေအနေလေးကို၊ ပြီးတော့ ချစ်လိုက်ရတာ ရင်ခွင်ထဲကကောင်မလေးကို။ Jen ချစ်မြတ်နိုးစွာနဲ့ Lisa ရဲ့ နဖူးဝင်းဝင်းလေးကို နမ်းလိုက်တယ်။ နဖူးပိုင်ရှင်ကောင်မလေးကတော့ အိပ်မက်တွေ မက်ကောင်းတုန်းထင်ပါရဲ့ အသက်ပုံမှန်လေးရှူပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်နေလိုက်တာများ ပီဘိကလေးလေးလိုဘဲ။

" ချစ်တယ် Lili " နှုတ်က ရုတ်တရက်ထွက်သွားသော နာမ်စားလေး

' အို ငါ Lisa ကို Lili လို့ ခေါ်မိလိုက်တာလား။
အိုမို Lili တဲ့ ချစ်ဖို့ကောင်းလိုက်တာ အမလေး အသည်းက ယားလာပြန်ပြီ'

Jenက ဒီအခြေအနေအတိုင်း Lili ကို ရင်ခွင်ထဲထည့်ပြီး ဆက်ဖက်ထားချင်ပေမယ့် Lili နိုးလာရင်ညက သောက်ထားတဲ့ အရှိန်နဲ့ ခေါင်းမူးမှာသိနေတာကြောင့် သံပုရာရည်ဖျော်ပေးဖို့ အခန်းထဲက ထွက်လာခဲ့တယ်။

အခန်းဝမှာ အပေါ်ထပ်က ဆင်းလာတဲ့ Youngနဲ့ဆုံတော့

Young: "ဟဲ့ နင် lisaကို ညက ဘာမှတော့ မလုပ်လိုက်ပါဘူးနော်"

Jen: "နင်နော် ငါက ဘာလုပ်ရမှာလဲ သူများသားသမီးကို "
( ဘာမှမလုပ်လိုက်ပါဘူးတဲ့ အင်းပါ သူများသားသမီးရဲ့ First kiss ကိုတော့ ပိုင်စိုးပိုင်နင်းယူလိုက်တာလေးဘဲ 🤧)

Young: "မသိဘူးလေ ညက party တစ်လျောက်လုံး နင်က lisaကို စားမတတ်ဝါးမတက်အကြည့်တွေနဲ့ကြည့်နေတာကိုး"

Jen: " Ya အဖောင်းစုတ် အဲ့အချိန်က နင် Soo ကို ကြည့်နေတဲ့အကြည့်က ငါ့ထက်ပိုဆိုးတာနော်"

Young: " မတူဘူးလေ ငါတို့က လက်ထပ်ပြီးပြီး ဟွင်းဟွင်း 😝"

Jen: " အေးပါ။ ဒါနဲ့ နင်တစ်ယောက်ထဲ ဆင်းလာတာလား Soo ရော"

Young: " ဟိုဟို Soo က မနက်စာကို အခန်းထဲမှာဘဲ စား စားမယ်ဆိုလို့ ငါလာယူ ယူ"
စကားတွေထစ်နေတဲ့ Young ကြောင့် ကိုယ့်သူငယ်ချင်းအကြောင်းကိုယ်သိတဲ့ Jen က Youngရဲ့ စကားမဆုံးခင်ဘဲ

Mine (U+Z) [COMPLETED] Donde viven las historias. Descúbrelo ahora