Part11(uni+zawgyi)

Start from the beginning
                                    

.............
"မောင် မောင် မောင်လို့"
ကားပေါ်မှာ နှင်းနဲ့ မောင် နှစ်ယောက်တည်း ဒီလောက်အော်ခေါ်နေတာတောင် မကြားဘူးဆိုတော့
တစ်လမ်းလုံးနှင်းဘေးမှာ စကားတွေပြောနေတာ ဘာမှ မကြားဘူးလားမသိ

နောက်ဆုံး ကားမောင်းနေတဲ့ မောင့်လက်ကိုကိုင်လိုက်တော့မှ
"အော် နှင်း ဘာလဲဟင် ဘာပြောမလို့လဲ"

"မောင်ရယ် ဘာတွေ အတွေးလွန်နေတာလဲလို့ မောင့်ကိုခေါ်နေတာကြာလှပြီ"
"အွန်း ...."
"မောင် နှင်းကတော့ လက်ထပ်ပွဲကို ခန်းခန်းနားနားလုပ်ချင်တယ်မောင် တစ်ပတ်အတွင်း ဒီနိုင်ငံမှာတယောက်မှ မမြင်ဘူးတဲ့ မဂ်လာပွဲမျိုးကျင်းပချင်တယ် "
"......"
"မောင် နော် မောင်ရော ဘာ်လိုသဘောရလဲ မောင်မှာ အစီအစဉ်ရှိလား"
".........."
ဘာလဲဟ ငါပြောနေတာလည်းဘာမှပြန်မပြောဘူး မောင်ခုထိ ငါ့မိဘတွေအပေါ် စိတ်ကွက်နေတုန်းပဲလားမသိဘူး
မောင့်လက်လေးကိုကိုင်ပြီး နေရာဆုံအောင်လျှောက်လည်ချင်တဲ့ကျွန်မ မောင်ရဲ့ လက်ကို ကိုင်ထားရပေမယ့ မောင့်ရဲ့စိတ်ကိုတော့ မပိုင်ဆိုင်ထားဘူးထင်တယ်မောင်
..............
တသ်နေကုန် နှင်းဖြူစင်ပြောသမျှ ကြားတစ်ချက်မကြားတသ်ချက်နဲ့ သူပို့ခိုင်းသမျှ နေရာတွေသာလိုက်ပို့တာ စိတ်က ဘာဖြစ်နေမှန်းမသိ အိမ်ပြန်ချင်နေတတယ် အိမ်မှာ ပုလဲနက်ပြန်ရောက်နေပြီလားသိချင်နေတယ်
.........
အိမ်ရောက်တော့ တူဝရီးနှစ်ယောက် ဧည့်ခန်းထဲမှာ မရှိဘူးလားမသိဘူး
ခန့်ကားသံကိုတောင် မကြားဘူးထင်တယ် ခြံတခါးလာမဖွင့်ဘူး
ခန့်လည်း ကိုယ့်ဟာကိုယ် ခြံတခါးကိုဖွင့်ပြီး ဝင်လာရတယ်

အိမ်ရှေ့မှာ တွေ့ပြီ နှစ်ယောက်သား ဘာတွေလုပ်နေလဲမသိ
ကြီးမြက နက်မျက်နှာကို တစ်ခုခုလိမ်းပေးနေတာဖြစ်မယ်
ပုလဲနက်က ကျောခိုင်းထားလို့သူ့ကိုမမြင်ရပေမယ့် ကြီးမြလုပ်နေတဲ့ အပြုအမူအရတော့ ဆေးလိမ်းပေးနေတာ
"ဟော သား သားကြီး ပြန် ပြန်လာပြီလား
ကားသံတောင်မကြားလိုက်ဘူး..."
ကြီးမြအသံတွေက ပုံမှန်မဟုတ်ဘူး တသ်ခုခုကိုဖုန်းကွယ်ထားမှန်းသိသာနေတယ်
"ဟုတ်ကဲ့ ပြန်ရောက်ပြီ ကြီးမြ ပုလဲနက်က ဘာဖြစ်လို့လဲ"
ပုလဲနက်လို့ခေါ်လိုက်တာကို တစ်ကိုယ်လုံးတောင်တုန်သွားစရာလိုလို့လား
"ဘာ ဘာမှမဖြစ်ပါဘူး သားကြီးရဲ့ ရဲ့ ဟို ဟိုလေ ချော် ဟုတ်တယ် ချော်လဲတာ အဲ့တာကြောင့် ကြီးမြဆေးလိမ်းပေးနေတာ နော် နက်လေး သမီးချော်လဲတာနော်"
ကြီးမြကလည်း မလိမ်တတ်ပဲ လိမ်တယ် ဟိုတစ်ယောက်ကလည်း သူ့ကိုမကြည့်ပဲ ခေါင်းပြုတ်ထွက်လောက်အောင် ငြိမ့်ပြနေတာ
"သွားတော့လေ နက်လေး ပြီးပြီ နောက် ချော်မလဲစေနဲ့နော် သွား အခန်းထဲသွားနားတော့ "
ပုလဲနက်ထထွက်လာတော့ ကိုကို့ရှေ့က ဖြတ်ရမှာမို့ ခေါင်းကို တတ်နိုင်သမျှငုံ့ထားပြီး လျှောက်လာခဲ့တယ် ကိုကိုမြင်သွားလို့မဖြစ်ဘူး
"သားကြီး ထမင်းစားတော့မလား ...."
ခန့် မသက်ာစရာတွေဖြစ်နေတဲ့ နက်ကို သေချာကြည့်နေတယ် ခန့်ရှေ့က ဖြတ်ရမှာမို့ ခေါင်းကို ကျိုးနေအောင်မော့ထားတယ့် ပုလဲနက်ကိုယ်လေးကို ဖမ်းကိုင်လိုက်ပြီး လက်နဲ့ခေါင်းကိုမော့ယူလိုက်တယ်

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now