အပိုင်း - (၄)

Start from the beginning
                                    

စာပြန်မပို့အားသေးဘဲ ထိုစာလေးတွေကို screenshotရိုက်ကာ album ထဲကို ထည့်သိမ်းထားလိုက်သည်။ ပြီးတော့မှ အစ်မဆီကို စာထပ်ပို့သည်။

"နိုးနေတာကြာပြီ အစ်မရဲ့...အိမ်ကသူတွေအတွက် ထမင်းချိုင့်ထလုပ်ပေးနေတာ"

"ခေတ်ကို သတိရနေတယ်ဆိုရင်...ခေတ်ကို တွေ့ခွင့်ပေးလေ အစ်မရဲ့...ခေတ် ဒီနေ့အပြင်သွားမှာ အစ်မရုံးဆင်းရင်လာကြိုရမလားဟင်...အစ်မရုံးလိပ်စာပြောလေ"

ခေတ်က ခေတ်ပို့သော စာတွေကို အထပ်ထပ်အခါခါကြည့်ပြီး သဘောကျသွားလေသည်။ ခေတ်က စကားပြောမတတ်သည့် လူမျိုးတွင် ပါသောကြောင့် တစ်ခုခုဆို စကားကိုထပ်ခါထပ်ခါပြောတတ်ပြီး တစ်ဖက်လူတစ်ယောက်၏ စကားကို ချက်ချင်းတုန့်ပြန်ပြောဆိုနိုင်စွမ်း နည်းလေသည်။ အဲ့လိုခေတ်က အစ်မကို ဒီလိုလေး စဉ်းစားပြီး စာပြန်ပို့နိုင်တယ်ဆိုတော့ ကိုယ့်ကိုယ်ကို တော်လှချည်လားဟု ချီးမွမ်းလိုက်ကာ တစ်ယောက်တည်း သဘောတွေကျနေပြန်၏။

ဟုတ်တယ်လေ ချစ်သူတွေပဲဟာ သတိရရင် တစ်ယောက်နှင့်တစ်ယောက် တွေ့ကြရမှာပေါ့ မဟုတ်ဘူးလား...။

ခေတ်က စာပို့ပြီး အစ်မလည်း လိုင်းပေါ် မရှိတာကြောင့် ခေတ်၏ ကုန်ကြမ်းလေးတွေ ဝယ်ဖို့ အပြင်ထွက်ရန် စတင်ပြင်ဆင်တော့သည်။ အစ်မ လိုင်းပေါ်တက်လို့ သူ့ရုံးကို အပြန်လာကြိုခိုင်းရင်ဆိုသော အတွေးတွေကြောင့် ဒီနေ့အပြင်သွားလျင် အလှဆုံးပြင်ဆင်ရမှပါဟု တွေးလိုက်မိပြန်သည်။

အစ်မ နှင့် ပတ်သက်ပြီးသော နေ့ကစလို့ ခေတ်က အဲ့လိုပါပဲ ခေတ်နဲ့လုံးဝမတူတော့သည့် လူတစ်ယောက်လို အမြဲဖြစ်ဖြစ်သွားခဲ့ရတာ...

သို့ပေမဲ့ ခေတ် အပြင်တွင် ကုန်ကြမ်းဝယ်ပြီးသောအချိန်ထိ အစ်မက လိုင်းပေါ်မတက်သလို စာလည်း မပို့သေးပေ။ ထို့ကြောင့် ခေတ်က ရိုးရိုး messageဖြင့်ပင် စာပို့ဖို့ရာ ဆုံးဖြတ်ချက်ချလိုက်သည်။ ခေတ်က ခေတ်ကိုယ်တိုင်ပေးထားသော ဖုန်းထဲမှ Aphroditeဆိုသည့် favourite ထဲထည့်ထားသော contactလေးထဲဝင်ကာ...

"အစ်မ နေ့လည်စာစားပြီးပြီလားဟင်...နောက်မကျစေနဲ့အုံးနော်...ခေတ်က အခုအပြင်ရောက်နေတာ...အစ်မကို လိုင်းပေါ်မှာစာပို့ထားတာ မကြည့်လို့လေ...ခေတ် ဘယ်ရောက်နေတယ်ဆိုတာလေးလှမ်းပြောတာ...ဖုန်းဆက်ချင်ပေမဲ့လည်း အစ်မဖုန်းပြောလို့ရလား မရလားမသိလို့လေ"

Te Amo Por Siempre (I Love You Forever)Where stories live. Discover now