သူ့ထိုင်ခုံက လူမရှိပဲ လွတ်နေတယ်။သို့ပေမယ့် အမှိုက်တွေ ပုံးတွေနဲ့ပဲရှုပ်ရှက်ခပ်နေတယ်။ပညာတွေ ပါဝါတွေ မင်းတို့ပြသမျှ ငြိမ်ခံတတ်တဲ့ ဘတ်ဟျွန်းက အတိတ်မှာပဲ ကျန်ခဲ့လိမ့်မယ်။ ဘတ်ဟျွန်းက သူ့ရှေ့ကပုံးကိုရိုက်ချကာ ဘေးနားက ဖုန်သုတ်တဲ့တုတ်နဲ့ အမှိုက်တွေကိုဘေးဘက်ဆီရိုက်ချလိုက်တယ်။
ထိုအခါမှတော့ ဘေးနားက တစ်ယောက်က စိတ်မရှည်စွာပြောလာတယ်။
"နင်ဘာလုပ်တာလဲ!ဒီညစ်ပတ်နေတဲ့အမှိုက်တွေကို ငါ့ဘက်ကိုလာပို့ရတာလဲ"
"ကင်ဂျီဆွန်း ရှီး ဒါဆို ငါ့ခုံပေါ်လာထားတဲ့အမှိုက်တွေကျငါမရွံရဘူးပေါ့ "
"နင့်ပေါ်အမှိုက်တွေငါထားတာပါလို့ဘယ်သူပြောလဲ"
"ဟင့်အင်းမပြောပါဘူး မင်းလို့လဲမပြောဘူး ဘာလို့ဆို ဒီဋ္ဌာနက အကုန်လုံးကမို့လို့လေ ဟက်"
ဘတ်ဟျွန်းက သူ့ဘက်ကြည့်လာတဲ့ မျက်လုံးတွေကိုစိတ်ပျက်သလိုသာကြည့်ပြီးဖိုင်ကိုကောက်ဖွင့်လိုက်တယ်။ဒီProjectက သူတစ်ယောက်ထဲပဲ လုပ်မှာ။
သူ့စားပွဲထောင့်တွေကို ဖိုင်ထည့်ထားတဲ့စင်တွေနဲ့ကာထားလိုက်တယ်။တစ်ယောက်မှကြည့်လို့မရနိုင်အောင် သူကသေချာအကွက်ချစီစဉ်ထားတယ်။ကြည့်ကြတာပေါ့ ဘယ်လိုဆက်ယုတ်မာအုန်းမလဲဆိုတာ။
ဘတ်ဟျွန်းလက်ခံရရှိခဲ့တဲ့ projectက အိတ်ပဲဖြစ်တယ်။နွေရာသီဖြစ်တာကြောင့် နွေရာသီဒီဇိုင်းကို အဓိက အခြေခံထားဖို့လုပ်ထားတယ်။အိတ်သားကို မထူးမပါး တဲ့ အသားနဲ့ အပြင်ဘက်ဒီဇိုင်းကိုပါ သူက သေချာလေးအသေးစိတ်ဆွဲထားတယ်။သူ့ရဲ့အလုပ်ဆင်းခြင်းနေ့တစ်ဝက်က ပုံကြမ်းဆွဲတာနဲ့တင် ကုန်လွန်သွားတယ်။
နေ့လယ်စာအတွက်က အချိုးမပြေတဲ့ ကားသမားကိုပေးလိုက်ရတာမို့ သူအငတ်ခံရတော့မယ်။နေ့လည်စာကို အချိန်ပေးစားမယ့်အစား သူပုံကြမ်းကိုပဲ ပြီးအောင်ဆွဲနေလိုက်တယ်။
"အရှက်မရှိ ကုမ္ပဏီလာရဲသေးတယ်"
"အေးဟယ်ခွေးလိုကန်ထုတ်ခံရတာတောင်မမှတ်ဘူး"
"ဟဲ့ပြောမနေနဲ့လေ သူက CEOယောကျာ်းလေ"
"အမလေးဟယ် CEOကိုအပိုင်ဖမ်းလိုက်တာနေမှာပေါ့ ဒီခေတ်ကြီးထဲမှာ ပေါလွန်းလို့ ချူစားနေတာလေ "
CZYTASZ
𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETED]
FanfictionThere are 7.8 billion people in the world, but I hate you all the most...Mr.Park! Zawgyi : Unicode Own Story - Burmese Male Pregnancy‼️ If you don't like this type!Don't read it‼️