"ဒီတိုက် သေချာလား "

"ဟုတ်ကဲ့ "

သူ့နဲ့မင်းမင်း အထဲကို ပြေးဝင်ခဲ့ပြီး ဦးတည်ရာက ကောင်တာဆီသို့။

"အခန်း ဘိုကင်လုပ်မလို့လားရှင့် "

"မဟုတ်ဘူး သစ်သစ်လွင်ရဲ့အခန်းနံပါတ်ကိုပြော...သူ့ရဲ့အခန်းနံပါတ် "

"တောင်းပန်ပါတယ်ရှင့် ဟိုတယ်ရဲ့စည်းမျဉ်းအရ..."

"ကျွန်တော်က သူ့မောင်ပါ ‌"

"တောင်းပန်ပါတယ် "

"တောက်စ်..."

သူ့က LS groupကို ချုပ်ကိုင်နေရသူမလို့ ဟိုတယ်စည်းကမ်းဆိုတာ နားလည်သည်။ နားလည်ပေမဲ့ ကိုယ့်ကလေးတွေက အခန်းထဲမှာ ပိတ်လှောင်ခံနေရတာမလို့ စိတ်တိုလာသည်။

"မီး...မီးလောင်နေတယ် "

"အပေါ်ထပ်မှာ မီးလောင်နေတယ် "

"မှိုင်း နေ့..."

"မြန်မြန် ကဒ်ထုတ်ပေးပါ "

သူ့လှည့်အော်လိုက်၍ ကောင်မလေးက ကြောက်ပြီး မငြင်းရဲတော့ဘဲ ထုတ်ပေးလာသည်။

"အခန်း (၂၂၆)ပါ "

သူ့ သော့ကဒ်ရသည်နှင့် အပေါ်ကို အမြန်ပြေးတက်ခဲ့သည်။ မီးလောင်နေတယ်ဆိုတဲ့အသိနဲ့ လူတွေက ပြေးထွက်လာကြတာမလို့ အခန်းနံပါတ်ကိုမကြည့်အား။

အပေါ်ကိုပြေးတက်ရင်းမှ လူအနည်းငယ်ရှင်းသည့်အခါ ‌အခန်းနံပါတ်ကို တိုက်ကြည့်တော့...

"၂၂၀ နီးလာပြီပဲ..."

"ဥက္ကဌ..."

"ဝုန်း..."

"ဥက္ကဌ..."

အခန်းတံခါးဖွင့်လိုက်တော့ ဝုန်းခနဲ့အရှိန်ရလာသည့် မီးတွေကြောင့် နောက်မှရောက်လာတဲ့မင်းမင်းက သတိထားမိပြီး သူ့ကိုဆွဲသည်။

"လွှတ်...မှိုင်းနဲ့နေ့ကိုကယ်ရမယ် "

မီးက အခုမှတစ်ခြမ်းကိုသာလောင်နေသည်။

"ဥက္ကဌ..."

မင်းမင်းတားနေရက်နဲ့ အထဲကို ဇွတ်ဝင်သွားသည်။ သူစိတ်ပူစွာ အထဲကိုလိုက်ဝင်လာခဲ့သည်။

ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန်တီးသောအချစ်သ‌င်္ကေတ (Season 2)[Completed]Where stories live. Discover now