Unicode+ Zawgyi
❣️ဦး ဖန် တီး သော အ ချစ် သ င်္ကေ တ❣️
💫Season 2💫
💫Part (13)💫
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
"အစ်ကို "
သူ့အလုပ်လုပ်နေချိန်မှာ သူ့ကိုခေါ်ပြီးအလောတကြီးအခန်းထဲဝင်လာခဲ့သည့် ခြင်း။
"ဘာလဲ "
"မေးလ် မေးလ် "
"ဘာမေးလ်? "
"ဆောင်း ဆောင်းမေးလ်ပို့လာပြီ "
"ဘာ..."
သူ့ကွန်ပျူတာကိုချက်ချင်းဖွင့်ကာ သူ့မေးလ်ကိုစစ်သည်။
"ဘယ်တုန်းကပို့တာလဲ "
"(၁၀)နာရီ(၂၃)မိနစ် စာဝင်လာတော့ ချက်ချင်းပြေးလာတာဘဲ "
ဝင်လာသည့်မေးလ်ကများနေ၍ အချိန်ကိုကြည့်ကာရွှေ့တော့မှာ saung11111@gmail.com ဆိုသည့် ဆောင်းမှပို့လိုက်သည့် မေးလ်ကိုတွေ့လိုက်ရသည်။
ဖွင့်ကြည့်လိုက်တော့ ရာရာကိုယ်ဝန်ပျက်ကျစဉ်က ရာရာ့ခန္ဓာကိုယ်အတွင်းမှာ တွေ့ရသည့်ဆေးမှတ်တမ်းနှင့်အသံဖိုင်တစ်ခုဖြစ်သည်။
အသံဖိုင်ကို နှိပ်လိုက်တော့ အရှင့်အသံထွက်လာသည်။
("ဘာ! ကိုယ်ဝန်ရှိတယ် "
တောက်စ်...
"ဖျက်ချလိုက် နင်က ဆရာဝန်မလား...
ပျက်ကျတဲ့ဆေးဖြစ်ဖြစ် ဘယ်လိုဖြစ်ဖြစ် ကိုယ်ဝန်ပျက်အောင်လုပ် ""အရှင် ငါကဆရာဝန်လေ ဘယ်လိုလုပ်ပြီးလူသတ်ရမှာလဲ "
"အဲ့တာတွေ ငါမသိဘူး ဆောင်း...
ငါပြောတာမလုပ်ရင် နင့်ဘဝ နင့်ပထွေးလက်ထဲရောက်သွားမယ်ဆိုတာတော့သိတယ် ""အရှင် "
"ငါ့စိတ်မပြောင်းခင် နင့်အလုပ်ပြီးအောင်လုပ်လိုက် ဆောင်း ")တဲ့။
"တောက်စ် သစ္စာရှင် အကြင်နာတရားမရှိတဲ့မိန်းမ"
ခြင်းက ကြားကြားချင်းစိတ်တိုကာ ပြောသည်။ သူ့နောက်ထပ်တစ်ခါ အသံဖိုင်ကိုပြန်ဖွင့်သည်။
YOU ARE READING
ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန္တီးေသာအခ်စ္သေကၤတ (Season 2)[Completed]
Romance(၅)နှစ်ကြာပြီးနောက်ပိုင်း သူနဲ့ရာရာတို့ကြား အနှောင့်အယှက်တွေပေါ်လာခဲ့ပါတယ်။ "ကိုယ်မင်းကို ခဏခဏပြောဖူးတယ် ကိုယ့်ကိုယုံကြည်ပေးပါလို့လေ ဒါပေမဲ့ မင်းအမြဲတမ်းလုပ်ချင်ရာလုပ်တယ် နောက်တစ်ခါ ထပ်ပြောပါရစေ ကိုယ့်ကိုယုံပါ တခြားဘယ်သူ့ကိုမှ မကြည့်ဘဲ ကိုယ့်ကိုကြည...