Part(15)

4.5K 123 0
                                    

Unicode+Zawgyi

❣️ဦး ဖန် တီး သော အ ချစ် သ င်္ကေ တ❣️

                💫Season 2💫

                  💫Part (15)💫

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

"အင်းဟင်း "

နားထဲမှာ ညည်းသံလိုလို အိမ်မက်ယောင်သံလို ကြားလိုက်ရ၍ သူ့နိုးလာသည်။ ဘေးကိုစမ်းကြည့်လိုက်တော့ ရာရာရှိမနေပါ။ သူ့အလျင်အမြန်ပင်ထကာ ရီမုဒ်ဖြင့်အခန်းမီးကိုဖွင့်လိုက်သည်။

"ရာရာ "

ညည်းသံက ဆိုဖာပေါ်ကလာနေတဲ့အသံဖြစ်ပြီး ဆိုဖာပေါ်မှာ ရာရာကွေးကွေးလေးအိပ်နေခြင်းဖြစ်သည်။

"ရာရာ ဘေဘီ "

"ဦးသူ့ ဦးသူ့လား "

"အင်း ကိုယ်ပါ ဘာလို့ ဒီမှာ အိပ်နေရတာလဲ"

"ရာ ရာ ဖျားနေတယ်ထင်တယ် ဦးသူ့ကိုအဖျားမကူးအောင် ဒီမှာလာအိပ်နေတာ "

ဟုတ်ပါသည်။ ရာရာ့ကိုယ်တွေပူကြပ်နေပြီး တုန်နေသည်။ ညကအဖြစ်အပျက်ကြောင့် လန့်ပြီးဖျားသွားဟန်တူသည်။

"ကျစ်...ကိုယ့်ကိုနိုးလိုက်မှပေါ့ကွာ "

"ဦးသူ့ပါဖျားရင် "

"ကိုယ်က ဖျားလည်းကိစ္စမရှိဘူး မင်းသက်သာရင်ရပြီ "

"ချမ်း ချမ်းတယ်"

ရာရာကို ပွေ့ချီလိုက်တော့ အလိုက်သင့်ပါလာသည်။ ခန္ဓာကိုယ်ချင်းထိမိမှ တော်တော်ဖျားနေပြီဆိုတာသိလိုက်ရသည်။ ကုတင်ပေါ်တင်ကာ စောင်အရင်ခြုံပေးလိုက်သည်။ အောက်ထပ်ကိုပြေးဆင်းကာ ရေပတ်တိုက်ပေးဖို့ တဘတ်အသေး‌နဲ့ရေသွားယူရသည်။

နာရီဝက်လောက်ထိဆက်တိုက် ရေပတ်တိုက်ပေးပြီးတော့မှ ကိုယ်က သိပ်မပူတော့။ စောင်ခြုံထား၍ ချွေးစလေးတွေထွက်လာသည်။

အဝတ်လဲခန်းက ရာရာဝတ်ရလွယ်မဲ့အဝတ်ကိုရွေးကာ လဲပေးလိုက်သည်။ အဖျားပျောက်ဆေးတိုက်ပြီး ပြန်အိပ်ခိုင်းရသည်။

ရာရာအိပ်ပျော်သွားမှ နာရီကိုကြည့်မိသည်။ မနက်သုံးနာရီပင်ထိုးပြီဖြစ်သည်။ သူ့ဆက်အိပ်လို့မရ၍ အောက်ထပ်ကိုဆင်းခဲ့သည်။

ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန်တီးသောအချစ်သ‌င်္ကေတ (Season 2)[Completed]Where stories live. Discover now