Part(22)

3.5K 106 2
                                    

Unicode+ Zawgyi

❣️ဦး ဖန် တီး သော အ ချစ် သ င်္ကေ တ❣️

                💫Season 2💫

                  💫Part (22)💫

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

သူ့ဆီကို ရာရာဖုန်းဆက်လာတော့ သူကစ်ကစ်ဆီကိုလာတဲ့လမ်းမှာဖြစ်သည်။ ရာရာက မင်းမင်းကိုလိုက်ပို့နေသည်ဆို၍ သူ့ကားဦးတည်ရာကို ရာရာ့တိုက်ခန်းဆီဦးတည်လိုက်သည်။

(၅)မိနစ်လောက်သာကြာသည်။ သူ့ဘာမှမတွေးတော့ဘဲ အပေါ်ကိုတက်လာခဲ့လိုက်သည်။ ရာရာ့အခန်းတံခါးကိုကြည့်လိုက်တော့ သော့ခတ်လျက်သား။ ထို့ကြောင့် ခြေလှမ်းတို့က မင်းမင်းရဲ့အခန်းတံခါးရှေ့ဦးတည်လိုက်သည်။

တံခါးခေါက်ဖို့လက်ရွယ်လိုက်ပေမဲ့ မင်းမင်းရဲ့တိုက်ခန်းတံခါးက ပွင့်လျက်သားဖြစ်နေတာမလို့ ဒီတိုင်းဖွင့်ဝင်လိုက်သည်။ သူပထမဆုံးမြင်လိုက်ရသည့်မြင်ကွင်းက မင်းမင်းကို ရာရာကဖက်ထားသည်။ ပြီးတော့ မင်းမင်းကလည်း ရာရာကို တင်းတင်းကြပ်ကြပ်ဖက်ထားသည်။

"မင်းတို့ဘာလုပ်နေကြတာလဲ?? "

"ဟင် ဦးသူ့ "

သူ့ကိုတွေ့တော့ ရာရာ အံ့ဩသွားသည်။ မင်းမင်းကို နှစ်သိမ့်ပေးဖို့ဖက်ထားသည့် လက်ကို အလန့်တကြားဖယ်လိုက်မိသည်။

"ခွပ် ‌"

"ဦးသူ့ "

ဦးသူ့ရဲ့လျှပ်တပြတ်လှုပ်ရှားမှုကြောင့် ရာရာလန့်သွားရသည်။ ဦးသူ့က မင်းမင်းမျက်နှာတည့်တည့်ကို ထိုးလိုက်တာဖြစ်သည်။

"မင်း ရာရာကိုဘာလုပ်ဖို့‌ကြိုးစားနေတာလဲ"

"ကျွန်တော့်ကို ဒီထက်ပိုပြီး အားပြင်းပြင်းနဲ့ထိုးပေးပါလား ကျွန်တော်မေ့လဲချင်လို့ပါ "

နှာခေါင်းက သွေးတွေကို လက်ခုံနဲ့ဖိသုတ်လိုက်ရင်း သူ့ကိုပြောသည့် မင်းမင်း။ သူ့ဆက်ပြီးထိုးဖို့လက်ရွယ်လိုက်ချိန်...

"ဦးသူ့ မလုပ်...မလုပ်ပါနဲ့ "

သူ့ခါးကို အတင်းဖက်ပြီး တားလာသည့်ရာရာ။

"မင်းဘာလုပ်တာလဲ သူ့ဆန္ဒကိုဖြည့်ဆည်းပေးမလို့လေ "

"မင်းမင်းနေမကောင်းဘူး ဦးသူ့ "

ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန်တီးသောအချစ်သ‌င်္ကေတ (Season 2)[Completed]Where stories live. Discover now