အပိုင်း ၆

Start from the beginning
                                    

ယဥ်ယဥ်ထွေး ဝေဖန်သုံးသပ်မှုအတွေးတို့ကို
ရပ်လိုက်၍ ခြံပြင်ဘက်ကြည်လိုက်လျှင် ကိုကြီးဒေါင်းမာန်အားထပ်တွေ့ရပြန်၍ သော်လင်းကို
လာရှာပုံပင်။

" ဗျို့... ကိုကြီးဒေါင်းမာန် ဘာရှာတုန်း "

ဒေါင်းမာန်စကားပြန်ပြောရန် ပါးစပ်ပြင်တုန်းရှိသေးချိန်၌ ဖုတ်လူးတစ်ယောက် ရွာလမ်းရှိဖုန်များထအောင်ပြေးလာနေသည်ကို တွေ့လိုက်ရသည်။

" ကိုကြီးဒေါင်းမာန် ဘယ်လဲ "

" ဒီကို "

ဖုတ်လူးသည် ဒေါင်းမာန်၏စကားကိုပင် ဆုံးအောင်နားမထောင်တော့ဘဲ ယဥ်ယဥ်တို့ခြံဝိုင်းထဲ သို့ အမြန်ပြေးဝင်သွားခဲ့၏။

" ဘာ​ဖြစ်လာတာလဲ "

" ဒေါ်လေး ဒေါ်လေး မြို့သားအကို ဟောဟဲ ကိုကြီးသော်လင်းလေ ဟောဟဲ..."

" အေးအေး ငါသိတယ် ငါသိတယ်၊ ဘာဖြစ်လို့လဲ ဘာ​လို့လဲ "

ဒေါင်းမာန် ဖုတ်လူးစကားကြား၍ ကလေးပေါက် စအား စိတ်ပူမှုသည် ငယ်ထိပ်ရောက်ရသည်။ ဘာဖြစ်လို့များလဲ။

" ဖုတ်လူး ဆက်ပြောလေ "

" အေးလေ ဆက်ပြော၊ သော်လင်းဘာဖြစ်တာလဲ "

" ကိုကြီးသော်လင်း ပျားတုတ်ခံထိလို့ "

" ဘာ ! "

" ဘာလို့ ! "

ကိုကြီးဒေါင်းမာန်နှင့် ဒေါ်လေးတို့၏ ပြိုင်တူထွက်လာသော အသံကြောင့် ဖုတ်လူးခေါင်းကိုသာ အ ဆက်မ​​​ပြတ်ညိတ်လျက် ထောက်ခံလိုက်သည်။

ယဥ်ယဥ်ထွေး ခြံဝိုင်းကိုအမြန်ပိတ်၍ ဖုတ်လူးနောက် အမြန်လိုက်ခဲ့သည်။ ရွာဆေးပေးခန်း၏ ကုတင်ထက်ရှိနေသော သူငယ်ချင်းဖြစ်သူကို
တွေ့လိုက်ရချိန် သနားလည်း သနားမိသည်။
ရယ်(ရီ)လည်း ရယ်(ရီ)ချင်မိသည်။ ကုတင်ဘေးမှာတော့ မြဒင်ကို မတ်တပ်ရပ်လေး တွေ့ရသည်။

" ဘာလို့ဖြစ်တာလဲ "

" ပျားဖွတ်ခေါ်သွားတာ အစက အကောင်း၊ ကိုကြီးသော်လင်းစကားပြောလိုက်လို့ အတုတ်ခံလိုက်ရတာ "

" ဘာပြောလိုက်လို့လဲ "

" ကိုကြီးသော်လင်းက ဝါး...မိုက်လိုက်တာ၊ ပျားကမကိုက်ဘူးလားဆိုပြီး ပါးစပ်ဆော့မိသွားလို့ "

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now