ဝမ်ရှန်းသည် အိပ်ပျော်နေသောရှောင်ရှင်းကို ကြည့်နေရင်း အရူးတစ်ယောက်လို တစ်ကိုယ်တည်းပြုံးရယ်နေမိသည်။ သူသည် အဘယ်ကြောင့် ဤကောင်လေးအပေါ်ဤမျှကျဆုံးသွားရသည်ကိုမသိ။ ရှောင်ရှင်းရှိနေရာအရပ်ကိုကြည့်ရှူရင်း ရှင်သန်ရခြင်းသည် အဘယ်ကြောင့်ဤမျှကောင်းမွန်သည်ကိုလည်း မသိရှိနိုင်တော့ပါချေ။ 

"........."

ဝမ်ရှန်းသည် ရှောင်ရှင်းကို တစ်ချိန်လုံးစိုက်ကြည့်နေရင်းမှ ပိတ်စက်ထားသော မျက်လုံးလေးများလှုပ်ရှားလာသည်ကိုမြင်သောအခါ ကုတင်စွန်းတွင်ထိုင်​နေရာမှ ထလိုက်သည်။ ထို့နောက် စားပွဲဆီသို့ပြန်သွားကာ ဝယ်ယူလာသော ပစ္စည်း များကို ထုတ်ယူလိုက်၏။

ထိုအခါ သူ၏နောက်ကျောမှထွက်ပေါ်လာသော ရှောင်ရှင်း ၏ အိပ်ချင်မူးတူးအသံကိုကြားလိုက်ရသည်။

"ပြန်လာပြီလား... ဘယ်တုန်းကရောက်နေတာလဲ ..."

ဝမ်ရှန်းသည် ငှက်ပျောရွက်ဖြင့်ထုပ်ပိုးထားသည့် နွေးနေသေးသော အသားပေါင်းလေးများကို ထုတ်ရန်နှီးကြိုးကိုဖြေ
ရင်းပြန်ပြော၏။

"အခုလေးတင်ပါ.....မကြာသေးဘူး.... "

ရှောင်ရှင်းသည် မျက်လုံးများကိုပွတ်ရင်းထလာပြီး ဝမ်ရှန်းလက်ထဲမှ အသားပေါင်းတစ်လုံးကိုယူကာ ပါးစပ်ထဲပစ်သွင်းလိုက်သည်။

ထို့နောက် ဆီဖြင့်အိနေသော အသားပေါင်းလုံးလုံးလေးများကို လိုလိုလားလား ချီးကျူးလိုက်၏။

"ကောင်းတယ်... အပေါ့အငန်အတော်ပဲ.... "

"ဖြည်းဖြည်းစားပါ...သေရည်လည်းသောက်.... ပြီးတော့ ဒီမှာ ဖရုံစေ့နဲ့ မြေပဲလှော်ရောပဲ... မင်းမြည်းဖို့... "

"ငါးကင်ရော... ငါးကင်စားချင်တယ်.."

"အင်း... မီးဖိုဆောင်မှာထားထားတယ်... ငါပြီးရင်ကင်ပေးမယ်နော်.... "

ရှောင်ရှင်းသည် ခေါင်းငြိမ့်လိုက်၏။ လိုချင်တာရနေသောကြောင့် မျက်နှာက ပြုံးရိပ်သမ်းနေသည်။ စားပွဲပေါ်တွင်ရှိနေသော ဖရဲသီးစိတ်ကိုမြင်သောအခါတွင်တော့ သူ၏ မျက်နှာသည် ရုတ်ခြည်းပြောင်းလဲသွားသည်။

ပြန်လမ်းကြယ်ဝေ စောင်းကြိုးပြေ (BL OC) Complete Where stories live. Discover now