Chapter 36

298 41 2
                                    

Unicode

ပြန်လမ်းကြယ်ဝေစောင်းကြိုးပြေ Chapter 36

မြေခွေးပေါက်လေးကနှင်းသီးတွေကိုမုန်းခဲ့ဖူးတယ်

မနက်ခင်းသည် မိုးသံဖျောက်ဆိတ်လေးများကိုဆင်ယင်ကာ တဖြည်းဖြည်းချင်းအသက်ဝင်လာနေသည်။ ဝမ်ရှန်းသည် ရှောင်ရှင်း၏အခန်းတံခါးလေးကိုအသာဖွင့်ကြည့်လိုက်ပြီး ရှောင်ရှင်းအိပ်ပျော်နေသေးသည်ကိုမြင်တော့မှ ပြန်ထွက်လာလိုက်သည်။ မိုးသားမည်းမည်းများအောက်တွင် တိတ်ဆိတ်ငြိမ်သက်လျက်ရှိသော ချင်းမင်တောင်သည် မိုးသံများဖြင့်သာ ဆူဝေလျက်ရှိပြီး ဝါကြင်ကြင် ထီးရွက်ကလေးကို ရိုက် ခတ်လိမ့်ဆင်းလာသည့် မိုးစက်တို့သည် ဝမ်ရှန်း၏ မျက်နှာတဝိုက်ကို လာရောက်ထိစင်နေသည်။

ရွံ့ရောင်သမ်းနေသော မြေသားလမ်းကလေးပေါ်ဖြတ်သန်းရင်း မီးဖိုဆောင်သို့ရောက်သောအခါ ဝမ်ရှန်းသည် တာဝန်ကျသည့်ဂိုဏ်းသားဆီမှ ခေါက်ဆွဲပြုတ်သုံးပွဲကိုတောင်းယူလာခဲ့ပြီးတစ်ပွဲကို ရှောင်ရှင်း၏အခန်းထဲကို ဦးစွာပို့ပေးထားလိုက်သည်။ ကျန်နှစ်ပွဲကိုတော့ ကွမ်းသီးရောင်သမ်းနေသည့် သစ်သားဗန်းကလေးထဲထည့်ကာ တောင် ထွတ်ဖျားဆီတက်လာခဲ့၏။ တောင်ထွတ်ဖျားရှိ နတ်ကွန်းသို့ရောက်သောအခါ တွင်တော့ ခပ်ဟဟဖွင့်ထားသော တံခါးချပ်လေးသည် မိုးရေစက်များဖြင့်ရွှဲရွှဲစိုနေသည်ကိုမြင်လိုက်ရ၏။

ဝမ်ရှန်းသည် နတ်ကွန်းထဲကိုဝင်ရောက်လာရင်း ထိုတံခါးချပ်လေးကို အသာစေ့၍ ရေစိုနေသောထီးကိုနံရံတွင်မှီကာ ထောင်ထားလိုက်သည်။

"ရှစ်ဖူ...... "

ဝမ်ရှန်း၏အသံကိုကြားလိုက်ရသောအခါ မျက်လွှာချထားလျက်ရှိသော ချင်းမင်၏မျက်ဆံလေးများသည် အနည်းငယ်မျှလှုပ်ရှားလာသည်။ ထို့နောက် သူချထားသော ကြာနွယ်ရစ်ငင်ဗျပ်စောင်း၏နံဘေးသို့ရောက်လာသည့် အငွေ့ထောင်း ထောင်းထနေသော ခေါက်ဆွဲပန်းကန်နှစ်ပန်းကန်ကိုတဆက်တည်းမြင်လိုက်ရသည်။ ဝမ်ရှန်းသည် လေးထောင့်သစ်သားဗန်းလေးပေါ်တွင် ရှိနေသည့် ခေါက်ဆွဲပန်းကန်လေးကိုယူကာ စားပွဲပေါ်သို့တင်လိုက်၏။

ပြန်လမ်းကြယ်ဝေ စောင်းကြိုးပြေ (BL OC) Complete Where stories live. Discover now