Part8(uni+zawgyi)

Start from the beginning
                                    

"ဟုတ်ကဲ့ တာ့တာဖေဖေ"
.........

"ကြီးမြရေ ကြီးမြ ဖေဖေကလေ ဆေးရုံတတ်စရာမလိုဘူးတဲ့ နောက်တစ်ပတ်လောက်နေရင် ပြန်လာတော့မယ်တဲ့ "

"ဟေ ဟုတ်လား ဟိုမှာဆေးရုံသွားတတ်တာဆို"

"ဟီးပျော်လိုက်တာ ကြီးမြသိလား ဖေဖေကလေ နေပြန်ကောင်းသွားပြီထင်တယ်နော် အဲ့ဒါကြောင့် ဆေးရုံက မတတ်ခိုင်းတာနေမယ်နော် "

"အော် သားကြီးလာထိုင် သားဖေဖေဖုန်းဆက်တယ် ဆေးရုံမတတ်ရလို့ နောက်တသ်ပတ်နေရင် ပြန်လာတော့မယ်တဲ့"
ခန့်ထမင်းစားခန်းထဲဝင်လာတာတောင်မသိဘဲ ပျော်လို့ခုန်နေတဲ့ ပုလဲနက်လေးက တကယ့်ကလေးလေးလိုပဲ
ခန့်ကိုမြင်တော့ လှစ်ခနဲပြေးထွက်သွားတယ် ခန့်ထမင်းစားခန်းထဲဝင်တာနဲ့ သူအမြဲ ပျောက်ပျောက်သွားတယ်

"ဟုတ်လားကြီးမြ ဒါဆို ကောင်းတာပေါ့
ကျွန်တော်က ဖေဖေဟိုမှာတစ်ယောက်တည်းနေတာကို္စိတ်မချတာနဲ့ အတော်ပဲ "

"အော် သားကြီး ထမင်းကြော်စားတော့မလား ကြီးမြထည့်လိုက်တော့မယ်"
ခန့်ခေါင်းငြိမ့်ပြလိုက်တော့ ကြီးမြက ထမင်းကြော်ပန်းကန်လေး ချပေးတယ်
"ဟိုကောင်မလေးကြော်ထားတာလား ကြီးမြ"

"ဟုတ်တယ် သားဘာလိုလို့လဲ ကြီးမြစားနေတာတော့ ဘာမှ မလိုပါဘူး သားတစ်ခုခု အဆင်မပြေလို့လား"

"မဟုတ်ပါဘူးကြီးမြရဲ့ သူကနေလည်းကောင်းတာမဟုတ်ပဲနဲ့"
"ဟုတ်တယ် သားကြီးရေ ကြီးမြလည်းခုပဲ ပြောနေတာ အနာကို အညှော်ဝင်ရင် ပြန်ရင်းမှာစိုးလို့လေ မနက်အစောကြီး ထလုပ်ထားတာတဲ့လေ"

"နောက်ဆို သူ့ကို အဲ့တာတွေမလုပ်ပါစေနဲ့ ကြီးမြ သူကျောင်းကလည်းပြီးသေးတာမဟုတ်ဘူး "
"အေးပါကွယ် ကြီးမြပြောထားလိုက်ပါ့မယ် ဒါနဲ့ နေ့လယ်စာ ထည့်သွားမှာလားသားကြီး"
ခန့်က အပြင်စာ သိပ်စားလို့မရတာကြောင့် အလုပ်ကို အမြဲ ထမင်းဘူးယူသွားလေ့ရှိတယ် ဒီနေ့က စောတော့ ကြီးမြ မချက်ရသေးလို့ မေးလိုက်တာဖြစ်တယ်

"မကျက်သေးရင်မယူသွားတော့ဘူးကြီးမြ ကျွန်တော် နှင်းနဲ့ အပြင်သွားစရာရှိတယ် နေ့လယ် အပြင်မှာပဲ စားလိုက်တော့မယ် "
"မဟုတ်တာပဲ သားရယ် သားက အပြင်စာတွေစားလို့လဲရတာမဟုတ်ပဲနဲ့ ဒီလိုလုပ် ကြီးမြ နေ့လယ် ကျ လာပို့လိုက်မယ်"

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now