Part8(uni+zawgyi)

2.8K 120 14
                                    

Zawgyi
နောက်တနေ့မနက်မှာတော့
နက်အိပ်ယာက အစောကြီးနိုးလာတယ်
မနေ့က တစ်နေ့ခင်းလုံး တညလုံးအိပ်ထားခဲ့လို့ထင်တယ်
မနက်စာထပြင်နေတာ အားလုံးပြီးခါနီးမှာ ကြီးမြ နိုးလာတယ်
"ဟယ် နက်လေး အစောကြီးနိုးနေတာလား သမီးရယ် နေလည်းမကောင်းသေးပဲနဲ့ မှန် ကိုယ်ပူနေသေးလား"
"သက်သာနေပြီ ကြီးမြရဲ့ ကိုယ်လည်းမပူတော့ဘူး ကြီးမြကြိုက်တဲ့ ထမင်းကြော် ကြော်ထားတယ် စားတော့မလားဟင်"
"သမီးကလည်းကွယ် ဘာလို့ အဲ့ဒါတွေလုပ်နေတာလဲ အညှော်တွေမိပြီး အနာပိုရင်းလာမှာပေါ့"
"ကြီးမြကလည်း နက်က ကြီးမြကိုစားစေချင်လို့ဟာကို စားလိုက်ပါကြီးမြရဲ့ နောက်ခါ နက်မလုပ်တော့ဘူးနော်"
📞📞📞📞📞📞
"ဖေဖေဖုန်းဆက်တာထင်တယ် ကြီးမြစားနှင့်နော် နက်ဖုန်းသွားကိုင်လိုက်ဦးမယ်"
"ဟယ်လို"

သမီးလေး နေကောင်းလားသမီး

"ဟုတ်ကဲ့ နေကောင်းတယ်ဖေဖေ ဖေဖေရော နေကောင်းလား ကြီးမြနဲ့ နက်ကနိုးနေပြီ ကိုကိုကတော့ မသိဘူး အလုပ်သွားရတော့မှာဆိုတော့ နိုးနေလောက်ပါပြီ သူပြင်ဆင်နေလို့မဆင်းလာသေးတာ ထင်တယ် "

သမီးလေး ဖေဖေနောက်တပတ်ပြန်လာဖြစ်မယ်ကွယ့် ဆေးရုံကတက်စရာမလိုတော့ဘူးဆိုတော့ အကြာကြီးနေစရာမလိုတော့ဘူး

"တကယ်လား ကောင်းတာပေါ့ ဒါဆို နောက်တစ်ပတ်နေရင် ပြန်လာမှာပေါ့ "

အေးပေါ့သမီးရ သမီးလေးမပျော်ဘူးလား

"ပျော်တာပေါ့ဖေဖေရ ဖေဖေမရှိတော့ ဖေဖေကို နက်ကလွမ်းနေတာ "

ပိုတာပါကွာ ပြီးကျ ဖေဖေထပ်ကိုကို့ကို ပဲပိုချစ်ပြီးတော့

"ကိုကိုလည်းချစ်တာပေါ့ ကြီးမြကိုလည်းချစ်တာပဲ"
ကိုကို့ကို ပဲပိုချစ်တာမလား ငါ့သမီးက

"မပိုပါဘူး ဖေဖေကလည်း အားလုံးကိုတူတူပဲချစ်တာပါ"

ဟားဟား ဟုတ်ပါပြီကွာ
ဖေဖေပြန်လာမှာကိုပြောပြလိုက်ဦးနော်

"ဟုတ်ကဲ့ပါဖေဖေ နက်ပြောလိုက်ပါ့မယ်"
ဒါဆို ဖေဖေဖုန်းချလိုက်တော့မယ်နော်

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now