Part7(uni+zawgyi)

Start from the beginning
                                    

"ဟင် ဟုတ်လား ကိုကိုက နက်ကို ဆန်ပြုတ်စားပြီးရင် ပြန်ချစ်မှာလားဟင်"

"အင်းပေါ့ သမီးလေးရဲ့ စားလိုက်နော် ပြီးရင် ဆေးသောက်ပြီးအိပ်လိုက် မနက်ရောက်ရင် ကိုကို နဲ့ နက်လေးတို့ ရေခဲမုန့်သွားဝယ်စားကြမယ်တဲ့ ကြီးမြကို သားခန့်ကပြောလိုက်တယ်"

"တကယ်လား ဒါဆိုပေး"

.........

တကယ်တော့ ပုလဲနက်လေးခဗျာ သူ့အစ်ကိုနဲ့ ပတ်သက်ပြီး psycho ဝင်နေခဲ့တယ် ရောဂါက အခြားအချိန်တွေမှာ မသိသာပေမယ့် သူ့အစ်ကိုရှေ့မှာ အစားစားရတော့မယ်ဆိုတာနဲ့ အကြောက်လွန်ပြီး ငယ်ဘဝက သိမ်ငယ်ခဲ့ရတဲ့ စိတ်လေးပြန်ဝင်လာပြီး မူမမှန်တွေဖြစ်နေခဲ့တာ
ဒီအကြောင်းကိုလဲ ဦးဂုဏ်မာန်ထယ်ဝါ သတိထားမိတော့ ဆရာဝန်နဲ့ပြခဲ့ရတဲ့ အထိပဲ ကြီးမြသိပေမယ့် ခန့်ထယ်ဝါ သိရင် စိတ်မကောင်းဖြစ်မှာစိုးလို့ မပြောပဲ လျှို့ဝှက်ထားခဲ့တာ

ခန့်ထယ်ဝါထိပ်တိုက်တွေ့တဲ့ အခြေအနေကလည်း ရှားပါးဖြစ်စဉ်ဆိုတော့ နက်ရောဂါက ဆေးသောက်စရာမလိုအောင်တောင် သက်သာနေခဲ့တာ

ခုတော့ ရောဂါက ပြန်ထလာပြီဆိုတော့ ကြီးမြ နက်ရဲ့ အံဆွဲထဲ ဆေးတစ်ချို့ကို ယူပြီး အဖျားပျောက်ဆေးပါထည့်ကာနက်ကိုတိုက်လိုက်တယ်

ဆေးသောက်ပြီးရင်တော့ အိပ်ပျော်သွားမှာလေ အိပ်ယာကနိုးရင် လူကောင်းလေးဖြစ်သွားမှာမို့ ကြီးမြစိတ်မပူရတော့ပါဘူး

နက်အခန်းထဲကနေ ကြီးမြထွက်လာတော့
"ကြီးမြ ပုလဲနက် ဆေးသောက်ရဲ့လား"
"အင်းသောက်တယ် သား အိပ်သွားပြီ "
"ကြီးမြ နားတော့လေ သားစောင့်ပေးလိုက်မယ် ကြီးမြလည်း ပင်ပန်းသွားပြီ"
"ရတယ် သား သားလည်းမစောင့်နဲ့တော့
နက်ဆေးထဲမှာ အိပ်ဆေးပါတယ် သူညဘက်နိုးမှာ မဟုတ်တော့ဘူး "
"ဟုတ်လား ဒါဆိုလည်း သားခဏနေရင် အိပ်လိုက်တော့မယ် အလုပ်လေး လက်စသက်လိုက်ဦးမယ် "
"အေးအေး သားကြီး ညမနက်စေနဲ့နော် "
"ဟုတ်ကဲ့ ကြီးမြ"

ကြီးမြ အိပ်သွားတော့ ခန့်တစ်ယောက် အတွေးနယ်ချဲ့ မိတယ်
'သတ္တိနဲ့ နက်က ဘယ်လို ချစ်သူတွေဖြစ်သွားကြတာလဲလို့ပေါ့ သတ္တိက ကိုယ့်ညီပေမယ့် နက်နဲ့ တော့ သဘောမတူနိုင်ဘူး သတ္တိအကြောင်း ရော အန်တီမေအကြောင်းရော နက်ထက် ကိုယ်ကပိုသိတာကိုး

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now