" မင်း အရမ်း အံ့သြ သွား မယ် ဆိုတာ ကိုယ် သိပါတယ်။ ကိုယ်တောင်းပန်ပါတယ် ။ မင်း ကို ဖုံးကွယ် ခဲ့ဖို့ မရည်ရွယ် ခဲ့ပါဘူး။ ''

  ယုစုယန် က ခါးသီးစွာ ပြုံး လိုက်ရင်း သူ့ပါးစပ် ထဲကို အချိုရည်(spirit) တစ်ဖန်ခွက်လုံး မော့သောက် လိုက်တယ်။

" မိသားစု က လူတွေ က ကိုယ်ဟာ ဂေး တစ်ယောက် ဆိုတာ ကို သူတို့ မသိကြဘူး။ ဒါကြောင့် ကိုယ်သာ ချစ်သူ ကောင်မလေး မရှာ နိုင်ရင် သူတို့ က ရှာပေး ပြီး အတင်းပေးစား မယ်တဲ့''

" ခဏလေး!  မင်းစောနက ဘာပြော လိုက်တာလဲ?''

  ကျန်းရှု တစ်ယောက် စိတ်ရှုပ် သွားလေတယ်။

" ချစ်သူ ကောင်မလေးလား?''

  ယုစုယန် က ' မင်း ကိုယ့်ကို ရိုက်နိုင် ဆူနိုင် ပါတယ် ဆိုတဲ့ မျက်နှာ မျိုး နဲ့ ပြော လာခဲ့တယ်။ ကျန်းရှုက တစ်ခဏတော့ အေးခဲ သွား ပြီး မှ ရယ်လာခဲ့တယ်။

" ဟ, မင်း ငါ့ကို နောက်နေတာ မလား?''

   ဒီ အကြောင်း ကိုပြော ရမယ်ဆိုရင် မနေ့ ညက ဖြစ်ခဲ့တဲ့ အကြောင်းကို ပြန်ဆွဲထုတ်ပြီး အပြစ်ပြော ရမှာပဲ။ ယုစုယန် က သူနဲ့ ဆက်ဆံ ဖို့တောင် စမလုပ် နိုင်တဲ့ အပြင် သူနဲ့ အတူ ခိုးပြေး ဖို့တောင် ပြောခဲ့တဲ့ သူမဟုတ်လား။ ဒီလို မှ မဟုတ်ရင် ဒီနေ့ ငါက ဒီနေရာမှာ ထိုင်နေ ပြီးတော့ သူကို *ဘီးး*ရ မှာလားဟ။ ငါက သူ့ရုံးက လူကြီးများ မှတ်နေသလား?

[ဘီး က ဆင်ဆာဖြတ်ထားတာပါ။ သူ့ကို ငါက လုပ်ရမှာလား လို့ပြောတာ]

" ဒါက နောက်နေတာ မဟုတ်ဘူး''

ယုစုယန် တစ်​ယောက် ​နောက်ဆုံး စကား တစ်ခွန်း ကို ပြောပြီး တဲ့နောက်မှာတော့ သူ့ရဲ့ ခေါင်းပေါ်ကို ဝိုင်အေးအေး တစ်ခွက်နဲ့ တကယ် ကြီးကို အလောင်း ခံ လိုက်ရတယ်။

" ခလွတ် ခလွတ် ''(ရေခဲကျသံ)

ကျန်းပြင်းထန် ဒေါသ ဟာ ဆိုရင်ဖြင့် သူ့ကို တကယ်ကြီး ပြင်းပြင်း ထန်ထန် စိတ်ဆိုးစွာ နဲ့ ဝိုင်တွေ ကို လောင်း ချ လိုက်တာ ပဲ ဖြစ်လေတယ်။ ခွက်ထဲ က ဝိုင်တွေ ကုန်သွားတဲ့ အခါ အဲ့ ခွက်ကို စားပွဲပေါ် တင်လိုက်ပြီးတော့ အဖျော်ဆရာ ကို ပြောလိုက်တယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now