" စုယန် ဒီ အကြံ ပြုချက် ကို မင်း ဘယ်လို ထင်လဲ ငါ ဝင်ပါ လိုက်ရမလား? "

  ကျန်းရှုက သူ့ဘေးမှာ ထိုင်နေတဲ့ ယု စုယန် ကို ကြည့်ပြီး မေး လိုက်တယ်။

" ငါတို့ မကြာခင်မှာပဲ ဘွဲ့ ရကြတော့ မှာပဲလေ......ဒါမှ မဟုတ် ငါတို့ အတူတူ မနက်ဖြန် လက်ထပ် မှတ်ပုံတင်ပြီးတော့ အိမ်ကနေ ထွက်ပြေးကြမလား ''

  ယုစုယန် ကတော့ အခုထိ ပါးစပ် ပိတ် ထား ဆဲပါပဲ။ ဒါကြောင့် ကျန်းရှု ကပဲ ဆက်ပြော လိုက်တယ်။

" အမှန်တော့လေ....မင်းအနှစ်သက်ဆုံး ရှေ့နေရုံး (law firm) နားမှာ ရှိတဲ့ အိမ်ငယ်လေး တစ်လုံး ငါ့မှာ ရှိတယ်။ တကယ်လို့ မင်းစိတ်မရှိရင် အဲ့ကို ပြောင်း လာပြီးတော့ ငါနဲ့ နေပါလား ''

[ကို့အထင် ဒါက အစိုးရရုံးမဟုတ်ပဲ ပုဂ္ဂိလ ရုံး လို့ထင်တယ်]

အိမ်?

  ယုစုယန် တစ်ယောက် နောက်ဆုံးမှာ သူ့ရဲ့ မျက်ခွံတွေ ကို ပင့် လိုက်မိတယ်။ တွေးကြည့် ရရင်လဲ အရင် တစ်နှစ် ကတည်း က ဒီအကြောင်း ပြောတာ ကို သူလဲ မကြားမိပါလား ။ ဒီလူက တော်တော် ကို ဖုံးကွယ် ထား တက်ပါလား။ ဒါပေမယ့် ဒါက ဘာတွေ များ အသုံး ဝင်နေ လို့လဲ?

" ရှုရှု.... အဲ့ ရှေ့နေ ရုံးက ....''

" သူတို့က မင်းကို မငှား ခဲ့ ဘူးလားဟင်?''

  ကျန်းရှုက အံ့အား သင့်စွာ မေးလာခဲ့ တော့တယ်။

" မဖြစ်နိုင်တာ....မင်းက အရမ်းတော်တဲ့ ဟာကို။ အဲ့ရုံးက ပိုင်ရှင်သာ မျက်လုံးကန်း မနေရင် မင်း ကို အလုပ်ခန့်မှာပဲလေ။''

" မဟုတ်ဘူး....''

  ယုစုယန် တစ်ယောက် သက်ပြင်း ခပ်လေးလေး ချကာ ကျန်းရှု ရဲ့ မျက်ဝန်းတွေ ကို ကြည့် ဖို့ မဝံ့ရဲလေဘူး။

" အမှန်တော့ အဲ့ရုံးက ကိုယ်တို့ မိသားစု ပိုင်တာလေ...''

  ကျန်းရှုက ခွက်ကို လေထဲမှာ ကိုင်ထား မိရင်း အေးခဲနေတော့တယ်။ ဘာရယ်..? ဒီXX ရှေ့နေရုံး က ယုစုယန် တို့ မိသားစု ပိုင်တာပေါ့လေ? သူက ဒီအဆောက် အအုံနားမှာ အိမ်လေး ရဖို့ ဘယ်လောက်တောင် ကြိုးစား ခဲ့ရသလဲ။ ဒီကလေး က သူ့ကို ဖုံးကွယ် ထားတာပဲ။ လွန်ခဲ့တဲ့ သူတို့ စတွဲတဲ့ နှစ်ကတည်း ကပဲ တစ်ခါမှ အဲ့အကြောင်း မပြော ဘူးဘူး။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now