အပိုင်း ၂

Start from the beginning
                                    

" နင့်ရွာအကြောင်း နင်တောင်မသိမှတော့ ငါလည်းဘယ်သိမလဲ၊ ယဥ်ယဥ် "

" ပြောလေ သော်လင်း "

" ကိုကြီးဒေါင်းမာန်က ဘယ်အပိုင်းမှာနေတာလဲ "

" ရွာနောက်ပိုင်းမှာလေ၊ ဘာလို့လဲ "

" ဒီတိုင်းပဲ သိချင်လာလို့၊ ခုသွားမှာ ဘယ်ဘက်အပိုင်းလဲ "

" မြောက်ပိုင်း၊ ရွာလယ်မှာ ဆုတောင်းပြည့်စေတီရှိတယ်၊ ခုငါတို့တောင်ပိုင်းကနေ မြောက်ပိုင်းသွားဖို့ အနောက်ဘက်ကပတ်သွားရမှာ၊ ဟော...
ရှေ့ကမန်ကျည်းပင်ကြီးနှစ်ပင်ကို တွေ့လား။ အဲဒါ ရွာသူကြီးခြံဝင်းပဲ "

" ယဥ်ယဥ်တို့ ဘယ်သွားကြမို့လဲ "

ယဥ်ယဥ်ထွေးနှင့် စွယ်သော်လင်းတို့နှစ်ယောက် သူကြီးခြံဝိုင်းအရှေ့ဖြတ်လျှောက်ချိန် ခြံအတွင်းပိုင်းမှ အမျိုးသမီးတစ်ဦးအသံကို ကြားလိုက်ရသည်။

" ကြာကန်ဘက် သွားမလို့ဗျို့၊ သူငယ်ချင်းကိုလိုက်ပြဖို့ "

" အေးအေး၊ မောင်ဒေါင်းလည်း ရွာဦးကျောင်းအတွက် ကြာသွားခူးတယ် "

" ဒါဆိုကိုကြီးဒေါင်းမာန်ကိုမှီအောင် မြန်မြန်သွားလိုက်မယ် "

" မှီမယ် မှိီမယ်၊ သွားတာဖြင့် မကြာသေးဘူး "

ကြာကန်အနားမရောက်မှီ ခပ်လှမ်းလှမ်းမှ လှမ်းကြည်လိုက်လျှင်ဖြင့် တွေ့ပါပြီး။ ကြာဖူးများ၊ ကြာရွက်များကြားရှိနေသည့် ကိုကြီးဒေါင်းမာန်။

" ဗျို့...ကိုကြီးဒေါင်းမာန် "

လက်ကိုဝေ့၍အသံပြဲကြီးဖြင့် ယဥ်ယဥ်တစ်ယောက် အနားမရောက်ခင်တည်းက အော်ခေါ်တော့သည်။ ပြီးလျှင် သော်လင်းလက်ကိုဆွဲလျက် ကန်ဘေးပြေးပြန်သည်။

" ယဥ်ယဥ်၊ ကလေးလေး "

" ကလေးမဟုတ်ဘူး၊ အသက်ပြည့်ပြီးပြီး "

" ဟုတ်လို့လားဗျာ "

" ဟုတ်တယ်၊ ကလေးမဟုတ်ဘူး၊ ကျွန်​တော်မှာ
နာမည်ရှိတယ် စွယ်သော်လင်းတဲ့။ သိပြီးလား "

" ကိုကြီးနဲ့ယှဥ်ရင်တော့ သေးသေးကွေးကွေး ကလေးလေးပဲလေ "

" တော်ပါတော့။ ကိုကြီးဒေါင်းမာန်ကလည်း ယဥ်ယဥ်သူငယ်ချင်းကို အရမ်းမစပါနဲ့၊ တစ်လက်စတည်း ယဥ်ယဥ်ကို ကြာကြီးကြီးတစ်ပွင့်လောက်ခူးပေးပါအုန်း "

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now