P 24

1.7K 158 8
                                    

Seokjin's pov
ကျနော်တို့ ဆိုလ်းကိုပြန်ရောက်တာတစ်ပတ်ကျော်ကြာပြီ ဖြစ်သည်  နမ်ဂျွန်းကလည်း ဆိုလ်းမှာသူ့အဖေဝယ်ပေးထားတဲ့အိပ်မှာနေပြီး တစ်နေ့တစ်နေ့ ဆေးရုံမှာပဲအချိန်ကုန်နေသည် ဆေးရုံမှာပဲ အချိန်ကုန်နေလို့ ဘာလုပ်နေသလဲမမေးပါနဲ့ သူ့ငယ်ကို ခနမတွေ့ရရင်တောင် မနေနိုင်လို့ပါဆိုပြီး တစ်နေကုန် ထယ်ယောင်းနောက် တစ်ကောက်ကောက် ဟိုကလည်း အဲ့ဒါမျိုးဆိုပြုံးဖြီးနေတာပဲ အားလုံးသူဟာနဲ့သူ ပုံမှန်ပါပဲ

ပုံမှန်မဟုတ်တာက ကျနော့်ကု ဒီတစ်ပတ်လုံး ညနေဆိုစေ‌ာစောပြန်တယ် ကျနော့်ကိုလည်းအရင်လို အိမ်ပြန်လိုက်မပို့တော့ဘူး အနားမှာလည်းအချိန်ဖြင့်မရှိဘူး လူချင်းလည်းသိပ်မတွေ့ရဘူး ဖုန်းတောင် နှစ်ရက်ခြားတစ်ခါပဲ‌ဆက်တယ်

"ဟူးးးး" ဆော့ဂျင်အတွေးနဲ့အတူ  သက်ပြင်းရှည်ကြီးချလိုက်တော့ ဂျီမင်းမှ
"ဖြည်းဖြည်းလုပ်ပါ ဟျောင်းရယ် ကျနော်လည်းလွင့်ထွက်သွားဦးမယ်"
"ဂျီမင်းနီး"
"ဗျာ"
"မိုချီလေး"
"ဗျာ" "ဂလု"
ထူးသံနဲ့အတူ တံတွေးတစ်ချက်မြိုချမိသွားတဲ့ဂျီမင်း

Jimin's pov
အမေရေ သားတော့ဂျင်ဟျောင်းကိုစကားပြောမိတာမှားပြီနဲ့တူတယ် တစ်ယောက်တည်းသက်ပြင်းတွေချပြီး မျက်နှာညှိုးနေလို့စကားလေးသွားပြောမိတာ ဘာတွေအရစ်ခံရတော့မလဲမသိဘူးဗျာ အီးဟီး😭

စိတ်ထဲတွင်တော့ အကြီးအကျယ် ကမ္ဘာပျက်နေတဲ့ ဂျီမင်းတစ်ယောက် လက်တွေ့မှာတော့ ဂျင်ဟျောင်းပြောတာကို ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့နားထောင်နေရသည် မဟုတ်ရင် ဒီထက်ပိုအရစ်ခံရမှာကို သူသိသည်

"ဂျီမင်းနီး ကုလေဟျောင်းကိုတစ်နေကုန် ဖုန်းတောင်မဆက်ဘူး"
"အင်း"
"ဒီတစ်ပတ်လုံးလည်း စကားကောင်းမပြေရသေးဘူး"
"အင်း"
"ဟျောင်းကလေ သူ့မျက်နှာလေးကို ခနလေးဖြစ်ဖြး်တွေ့ချင်လို့သွားရင်တောင် မအားဘူးဆိုပြီး ခနလေးတောင်ထွက်မတွေ့ဘူး"
"အင်း"
"ဟျောင်းကို မချစ်တော့ဘူးလားမသိဘူး"
"အင်း အဲ မဟုတ်"
"အီး ဟီး 😭😭"
ဂျီမင်းတစ်ယောက် ခေါင်းငြိမ့်ပြီးကာမှ ဆော့ဂျင်ပြောတာကိုသေချာပြန်စဉ်းစားမိပြီး ငြင်းမလို့ရှိသေး ထငိုတဲ့ဆော့ဂျင်
"တွေ့လား ဟင့် ဂျီမင်းန‌ီး‌လည်း ထင်တယ်မလား ကုကဟျောင်းကိုမချစ်တော့ဘူးဆိုပြီး 😭"
"မဟုတ်ပါဘူးဟျောင်းရာ‌ ဟျောင်းအတွေးလွန်နေတာပါ ဂျောင်ကုကဟျောင်းကိုဘယ်လောက်ချစ်လိုက်သလဲ"
"အဲ့ဒါဆို ဘာလို့ဟျောင်းကို ခနလေးတောင်လာမတွေ့ရတာလဲ"
"အဲ့ဒါက သူဟျောင်းကို လက်ထက်ခွင့်.........."
ဂျီမင်းတစ်ယောက်ပြောနေရင်းမှ စကားလွန်သွားပြီမှန်းသိကာ ပါးစပ်ကိုအလျင်အမြန်လက်နဲ့အုပ်လိုက်ရသည် ဒါပေမယ့်လည်း နားပါးတဲ့ဆော့ဂျင်တစ်ယောက်ကြားသွားပြီး
"ဟင် ဘာကြီး လက်ထပ်ခွင့်? ဘယ်သူကဘယ်သူ့ကိုတောင်းမှာလဲ"
"အဲ့ အဲ့ဒါက..."ဂျီမင်းတစ်ယောက် ဦးနှောက်ကိုအလျင်အမြန်အလုပ်လုပ်နေလေသည်
"ဘာဖြစ်လဲ ဆက်ပြောလေ"
"အဲ့ဒါက အားး နမ်ဂျွန်းဟျောင်းက ထယ်ယောင်းကိုလက်ထပ်ခွင့်တောင်းမလို့တဲ့ ဟုတ်တယ်"
"အမ် ငါလည်းမကြားမိပါဘူး ပြီးတော့အဲ့ဒါက ကုနဲ့ဘာဆိုင်လို့လဲ"
"အော် ဂျောင်ကုကနမ်ဂျွန်းဟျောင်းကို ကူညီပေးနေတာလေ အဲ့ဒါကြောင့်မအားတာ" 
"အော်"

Tom & JerryWhere stories live. Discover now