P 11

2.2K 218 13
                                    

Jk's side
ကျွန်တော် နှစ်ပတ်လောက်ဆေးရုံမသွားဖြစ်ဘူး အကြောင်းကတော့ ကျွန်တော့်ရဲ့သိုးပေါက်လေး ဟိုတစ်နေ့ကရန်ဖြစ်လို့  အပြစ်ဒဏ်အနေနဲ့ နယ်သွားရမယ်တဲ့လေ ကျွန်တော်‌လည်းဘယ်နယ်လဲလို့ ယွန်းဂီဟျောင်းကိုမေးတော့ ဒယ်ဂူဟိုဘက်ကရွ‌ာလေးတဲ့ {ဒယ်ဂူတစ်ဖက်ကရွာလေးက တစ်ကယ်ရှိလားမရှိလားမသိပါဘူးနော် ကိုယ့်စိတ်ကူးပါ ဒယ်ဂူနဲ့နည်းနည်းဝေးတယ်လို့မှတ်ပေးပါနော်}။

အဲ့ဒါနဲ့ကျွန်‌ေတာ်လည်း အဖေ့လူ‌ေတွကိုအဲ့ရွာအကြောင်းစုံစမ်းခိုင်း ဟျောင်းနေရင်သက်တောင့်သက်သာဖြစ်အောင် လုပ်ခိုင်းနဲ့ ကျွန်တော့်မှာနှစ်ပတ်လုံး ဆေးရုံတောင်မသွားနိုင်ဘူး လူတော့မရောက်ပေမယ့် ပန်းစည်းလေးတော့ရောက်အောင်ပို့တယ်။

ကျွန်တော့်အဖေက Jk fashion company CEO လေ ကျွန်တော်ကအဲ့ဒါဝါသနာမပါလို့ဆေးကျောင်းပဲတက်ချင်တယ်လို့ဆိုတော့ တက်ခိုင်းတယ်လေ။ အခုတော့အဲ့ အလုပ်ကို‌အဖေကဦးစီးတုန်း ကျွန်တော်လည်းတစ်ခါတစ်လေကျရင်ကူညီဖို့စဉ်းစားပေးပါတယ် ဒါပေမယ့် ကျောင်းသားတွေစာနဲ့ဓာတ်မတည့်ဆိုသလို ကျွန်တော်လည်း စာရင်းဇယားတွေနဲ့ဓာတ်မတည့်ဘူးနဲ့တူတယ် ကိုင်လိုက်ပြီဆိုတာနဲ့ အိပ်ပျော်သွားကော။

အားလုံးပြီးသွားတော့ကျွန်တော်ပါလိုက်မယ်လို့ ယွန်းဂီဟျောင်းကိုပြောတော့ လိုက်သွားတဲ့။ အ‌ေမ့ကိုပြောတော့ပြဿနာကအဲ့မှာစတာပဲ

"မရဘူးနော် မေမေလုံးဝခွင့်မပြုနိုင်ဘူး"
"မေမေကလည်း အကြာကြီးသွားမှာမဟုတ်ပါဘူး နှစ်လထဲကို"
"မိန်းမရယ်ခွင့်ပြုပေးလိုက်ပါ မင်းသားလည်းမငယ်တော့ဘူး ပြီးတော့မင်းသားကို အဲ့ကိုလွှတ်လိုက်ပြီး ပြန်လာရင် မင်းသားတင်မဟုတ်ဘူး သားမက်တောင်ပါလာနိုင်တယ်"
"ဟာ အပါးဘယ်လိုသိတာလဲ"
"မင်းအဖေပါ မင်းစုံစမ်းခိုင်းထဲကသိနေတာ"
"အဲ့တော့ သားက အဲ့အဖွဲ့ထဲမှာ သားကောင်လေးပါလို့ သွားချင်တာပေါ့ လူနာတွေအတွက်မဟုတ်ဘူးပေါ့"
"အာအမေကလည်း သားကဆရာဝန်ပါ လူနာအတွက်ကော သားကောင်လေးအတွက်ကော တစ်ဝက် တစ်ဝက် ဟီး😁"
"ကောင်းပါပြီရှင် ကောင်းပါပြီ ကျွန်တော်မျိုးမ ခွင့်ပြုပါတယ်"
"အဲ့ဒါကြောင့်မေမေ့ကိုချစ်တာ" ဆိုပြီးလူကောသ်ကြီးနဲ့မှမလိုက် Mrs Jeon ရဲ့ရင်ခွင်ထဲဝင်ပြီးချွဲနေပါသော အမောင်ဂျောင်ကု
"အယ် တစ်ခုတော့ရှိတယ် ဘာထိခိုင်ဒဏ်ရာမှမဖြစ်စေနဲ့နော် ကြားလား"
"ဟုတ်"
"မိန်းမရယ် မင်းကမသိရင်ငါးနှစ်သားလေးကို ခရီးတစ်ယောက်တည်းလွှတ်လိုက်တာကျနေတာပဲ"
"အို ငါးနှစ်သားပဲဖြစ်ဖြစ် အသက်20ပဲဖြစ်ဖြစ် ကျွန်မမျက်စိထဲမှာတော့ ကလေးပဲ"
"ဟုတ်ပါတယ်ကျွန်တော်ကမေမေ့ရဲ့ကလေးပါ"
"အမလေး ဒီသားမိတွေချစ်နေကြတာ ဒီအဖိုးကြီးကိုတောင်သတိမရတော့ဘူး"
"မဟုတ်ပါဘူး အပါးရဲ့"
"ဟုတ်တာ မဟုတ်တာနောက်ထား မနက်သွားရမှာမလား သွားပြင်တော့လေ"
"အာ ဟုတ်သားပဲမေ့နေတာ ကျေးဇူးအပါး" ပြောပြီးတာနဲ့ အပေါ်ထပ်ကအခန်းဆီသို့ ပြေးတက်သွားသော ဂျောင်ကုကို Mr Jeon နဲ့ Mrs Jeon မှာ‌ေတာ့ပြုံးပြီးပဲကြည့်နေတော့သည်။

Tom & JerryWhere stories live. Discover now