'ယူသွား အတိအကျ သိရမှဖြစ်မယ်နော် မဟုတ်လို့ကတော့ ဟင်းဟင်း'

[ဟဲ  ဒါဆို သွားလိုက်ပါအုံးမယ်  ]

အားဝူးနဲ့ စကားပြောနေပြီး  ဟန်စစ်ဆီက စကားသံတစ်ချို့ ထွက်လာတယ်

"သက်ငယ်   ကိုယ့်ကို မထားသွားဘူးမလားဟင်   ကိုယ်မရှိရင်  တကယ်မနေတတ်ဘူး "

ကျန်းချူး ဟန်စစ်ရဲ့ အသံတွေဟာ တုန်ရီနေတာကို သတိထားမိတယ်   သူ့ ချစ်သူ  ဟာ သူထားသွားမှာ စိုးရိမ်ကြောက်ရွံ့ နေတာမြင်တော့   ပျော်ရွှင်သွားတယ်    ဟုတ်တယ်  သူက ဒီလိုလူပဲ  အတ္တကြီးတယ်  သူ့ချစ်သူ  အစစ်အမှန်က ဘာမှန်းမသိသေးတာတောင်  လက်လွတ်ဖို့ စိတ်ကူးမရှိ  သူ့တွက်ပဲ ရှင်သန်ရမယ် သူ့တွက်ပဲသေဆုံးရမယ်   သူ့ကိုပဲချစ်ပြီး  သူ့တစ်ယောက်ထဲကိုပဲ  ကြည့်နေရမယ်    ဒါပေမယ့် သူသိနေတယ်    သူ့ရဲ့ အတ္တတွေကို ထုတ်ဖော်စရာမလိုပဲတောင်  သူ့ချစ်သူက  ဖြည့်ဆည်းပေးနေမှာ 

"သက်ငယ်  ဟန်စစ်ကို  ဘယ်တော့မှ ထားမသွားပါဘူး  ဟန်စစ်ရဲ့ နှလုံးသားထဲမှာ သက်ငယ်က ထာဝရရှင်သန်နေမှာ    "

သုံးရက်ကြာမြင့်သွားလေတယ်  အားဝူးပြန်ရောက်မလာသေး   ဟန်စစ်လည်း  နန်းတွင်းမှာ ပုန်ကုန်မှုတွေဖြစ်နေတာကြောင့်  သွားဖြေရှင်းပေးနေရတယ်  အိမ်တော်မှာ  သူသာကျန်ခဲ့လေတယ်   အားငယ်သလို ခံစားရတယ်  

"မင်းက ဘယ်သူလည်း "

ကျန်းချူး  ထူးဆန်းနေတဲ့ အပျိတော်ကို မေးလိုက်တော့  သူမက  ကြောက်ရွံ့ နေတဲ့ မျက်ဝန်းတွေက လိမ်လည်မရ

"ဒီအစေခံနာမည်က ရှင်းရှင်းပါ    ဒီအစေခံက ကြင်ယာတော်အဆောင်ကို သန့်ရှင်းရေး  လာလုပ်တာပါ " 

ကျန်းချူး  သူမဆီကနေ  ရင်းနှင်းနေတဲ့အနံတစ်ခုကို ရလိုက်တယ်    ဒါပေမယ့် မသေချာတာကြောင့်  ပြန်လွတ်လိုက်တယ်   ကိုယ်ရံတော် တစ်ယောက်ကိုလည်း ထိုအစေခံကို စောင့်ကြည့်ခိုင်းဖို့မမေ့ပေ

[ hostရေ အားဝူး ပြန်လာပြီ ]

'သွားတာကြာလိုက်တာ ငါသေရင်တောင် ပြန်ရောက်ပါ့မလားလို့  '
[hostကလည် အားဝူးသွားတာ လေးနာရီပင် ကြာတာပါနော်]

Meeting   Ultimate  Gods  System(completed)Where stories live. Discover now