"ဘတ်ခ်ဟျွန်း"
"အော ယူဂျင်း"
"မနက်က နင်ဆရာပတ်ကားနဲ့တူတူပါလာတယ်ပြောတယ်။ နင်တို့အချင်းချင်းရင်းနှီးကြတာလား"
"ရင်းနှီးတယ်မဟုတ်ပါဘူး လမ်းကြုံလို့ဆရာကခေါ်လာပေးတာပါ"
"ဪ အဲ့လိုလား မသိပါဘူး"
ဘာမှမဖြစ်သလိုလျှောချသွားသည့် ယူဂျင်းကြောင့် ဘတ်ခ်ဟျွန်းစိုးရိမ်စိတ်တွေလျှော့လိုက်ရသည်။
"မနက်ဖြန်ဆိုချစ်သူများနေ့ရောက်ပြီနော်"
"ဟုတ်လား ငါမေ့တောင်မေ့နေတာ"
"ငါနဲ့အတူစျေးဝယ်လိုက်ခဲ့ပေး ဘတ်ခ်ဟျွန်း"
"အင်း သွားလေ ငါလိုက်ပေးပါ့မယ်"
ယူဂျင်းကခေါင်းငြိမ့်အသိမှတ်ပြုကာ ရှေ့ကနေထွက်သွားပြီဖြစ်သည်။
ချစ်သူများနေ့အတွက် မနက်ကကျောင်းလာသည့်အချိန်တွင်ကြိုတင်ချိန်းဆိုထားသည့်ကိုကိုက တခြားသူတွေနဲ့ပါသွားမှာဆိုးသည့်အလား ထိုနေ့တစ်ရက်လုံးသူ့အတွက်သာအချိန်ပေးရန်ပြောလာသည်လေ။
ယူဂျင်းနဲ့စျေးဝယ်လိုက်သွားပေးတော့ ရောက်သွားတာက ကုန်တိုက်က အမျိုးသားဝတ်အင်္ကျီတွေရောင်းတဲ့ဆိုင်။
"အမျိုးသားဝတ်?"
"အင်းလေ ချစ်သူများနေ့မှာ ငါသဘောကျနေတဲ့သူကိုလက်ဆောင်ပေးမလို့"
"အာ..."
ယူဂျင်းက ရှပ်အင်္ကျီလက်ရှည်တွေထားသည့်ဘက်သွားကြည့်နေရင်း ကျွန်တော်လဲဟိုဟိုဟိုဒီဒီလျှောက်ကြည့်ရင်း တွေ့လိုက်တာက မိုးပြာရောင်အစင်းတွေပါသည့် ရှပ်အင်္ကျီလေးတစ်ထည်။
ရှပ်အင်္ကျီလက်ရှည်တွေကို လက်အမြဲခေါက်ဝတ်နေကျကိုကိုနဲ့ဆို လိုက်ဖက်နေမှာအသေအချာပဲ။
"အမ ကျွန်တော့်ကိုဒါလေးထုပ်ပေးပါ"
"size က free size ဆိုပေမယ့်မောင်လေးအနေနဲ့ဆိုပွနေမယ်ထင်တယ်"
"လက်ဆောင်ပေးဖို့ပါ"
"ကောင်းပါပြီ အခုပဲထုပ်ပေးပါ့မယ်"
YOU ARE READING
BREATHER
FanfictionStory between teacher and student. Crd art to owner. Mini story. ✅Unicode ✅Zawgyi