ယူဂျင်းနဲ့ဆက်ဆံရေးစိမ်းသက်သွားပြီးသုံးရက်အကြာ။
ဝင်လာတဲ့စာတိုလေးကိုကြည့်ပြီးဘတ်ခ်ဟျွန်းတအံ့တဩဖြစ်သွားသည်။ယူဂျင်းဘက်ကစပြီး သူ့ကိုစာပို့လာခြင်းကြောင့်ပင်။
'ဘတ်ခ်ဟျွန်း ခေါင်မိုးထပ်ကိုလာခဲ့ပေးပါလား။ ငါနင့်ကိုပြောစရာရှိလို့'
အတန်းချိန်လဲမစသေးတာကြောင့် ယူဂျင်းခေါ်ရာ ခေါင်မိုးထပ်သို့တက်လာခဲ့တယ်။
ခေါင်မိုးထပ်တံခါးကိုဖွင့်လိုက်တာနှင့် ဝရံတာလက်ရန်းကိုမှီကာရပ်နေသည့် ယူဂျင်းကိုတွေ့လိုက်ရသည်။
"ယူဂျင်း"
"ရောက်လာပြီပဲ"
ယူဂျင်းတက်လာသည့်ဘတ်ခ်ဟျွန်းမျက်နှာကိုမြင်ရတာ ရင်ထဲမှာအတော်ကိုပူလောင်နေရတယ်။သူချစ်ရတဲ့သူရဲ့ အကြင်နာ၊ အယုအယတွေကို ရှေ့ကလူသားကရနေတာတဲ့လေ။
"နင်ငါ့ကိုဘာပြောစရာရှိလို့လဲ"
"နင်နဲ့ဆရာပတ်တွဲနေတာလား"
"ယူဂျင်း..."
ဘတ်ခ်ဟျွန်းလန့်သွားမိတာအမှန်ပင်။ အခုလိုပေါ်တင်ကြီးမေးလာသည်က သူတစ်ခုခုကိုသိနေသလိုပင်။
"ဘာလို့အဲ့လောက်တောင်လန့်သွားရတာလဲ"
"နင်ဘယ်လိုသိတာလဲ"
"ငါဘယ်လို သိတာမသိတာထက် တစ်ခုပဲပြောချင်တယ်"
ဘတ်ခ်ဟျွန်းစိတ်ထဲတော့အနည်းငယ်စိုးရိမ်နေမိသည်။ သူနဲ့ကိုကို့ဆက်ဆံရေးကအခုလိုမျိုးကြီးလူမိသွားလိမ့်မယ်လို့ တွေးတောင်မတွေးခဲ့ဘူးလေ။
"နင် ဆရာပတ်နားကထွက်သွားလိုက် ဘတ်ခ်ဟျွန်း"
"ဘာဖြစ်လို့လဲ။ ငါ့ကိုယ်ရေးကိုယ်တာကိစ္စကို နင်စွက်ဖက်ပိုင်ခွင့်မရှိဘူး ယူဂျင်း"
"ငါကစွက်ဖက်နေတာမဟုတ်ဘူး နင့်ကိုအကြံပေးနေတာပါ"
ဘတ်ခ်ဟျွန်း ယူဂျင်းကိုသာစိုက်ကြည့်နေခဲ့သည်။
"ငါပြောသလိုနင်လုပ်မယ်လို့မျှော်လင့်ပါတယ် ဘတ်ခ်ဟျွန်း"
သူမထိုတစ်ခွန်းသာပြောပြီး တံခါးဖွင့်ကာလှေကားတွေအတိုင်းဆင်းသွားခဲ့သည်။
YOU ARE READING
BREATHER
FanfictionStory between teacher and student. Crd art to owner. Mini story. ✅Unicode ✅Zawgyi