Warning! read at your own risk
မှုခင်းဆေးအဖွဲ့ဆီကထွက်လာသည့် DNA အဖြေက ဗြောင်ဘတ်ခ်ဟျွန်းရဲ့ DNA ဖြစ်ကြောင်းအတည်ပြုချက်နှင့်အတူ ဖုန်းကာဗာပေါ်ကလက်ဗွေရာစစ်ဆေးမှုမှတ်တမ်းမှာ ယူဂျင်းရဲ့လက်ဗွေရာထွက်လာသည်ကြောင့် သူမသံသယတို့ ပိုပြီးအစပျိုးလာခဲ့သည်။
"ဒါကဗြောင်ဘတ်ဟျွန်းရဲ့ ဖုန်းမှတ်တမ်းနဲ့ စာအဝင်အထွက်မှတ်တမ်း"
ဆောင်ယွန်းယူလာပေးသည့် မှတ်တမ်းတွေကို သူမတစ်ခုပြီးတစ်ခုကြည့်ရင်း ယူဂျင်းနှင့် ဆက်သွယ်ထားသည့် စာမှတ်တမ်းကိုတွေ့လိုက်သည်။
'ဘတ်ဟျွန်း ငါ့ဆီမှာဘာရှိနေလဲနင်သိလား'
'ဟင့်အင်း'
'ငါပြောထားတဲ့ ကိစ္စနင်ဘယ်လိုတွေးထားလဲ'
'ငါမလုပ်ပေးနိုင်ဘူးယူဂျင်း။ ငါသူ့ကိုချစ်တယ်'
'ငါလဲသူ့ကိုချစ်တာပဲ'
'ဒါပေမယ့် သူကနင့်ကိုမှမချစ်တာ'
'နင်တို့ပန်းချီခန်းထဲမှာဘာဖြစ်ခဲ့သလဲဆိုတာ ငါသိနေတယ် ပြီးတော့ငါ့မှာလဲ အဲ့ပစ္စည်းရှိနေတယ်'
'ယူဂျင်း နင်ငါ့ကိုမချိန်းခြောက်နဲ့'
'ခြိမ်းးခြောက်လား မခြိမ်းခြောက်လားဆိုတာ ဒါကိုကြည့်ရင်သိမှာပေါ့'
ယူဂျင်းဘက်ကနေ ပုံတစ်ပုံပို့လာခဲ့သည်။
'နင်ဒါကိုဘယ်လိုရတာလဲ'
'ငါ့မှာ Video file ပါရှိနေသေးတယ် ဘတ်ခ်ဟျွန်း။ နင်ဘယ်လိုလုပ်မှာလဲ'
'ငါတောင်းပန်ပါတယ်ယူဂျင်းရယ် နင်ဘာဖြစ်ချင်နေတာလဲ'
'သူ့နားကနေထွက်သွား။ မသွားရင် ငါဒီဟာကိုတစ်ကျောင်းလုံးဖြန့်ပစ်မှာ'
Date ကိုကြည့်လိုက်တော့ ဗြောင်ဘတ်ခ်ဟျွန်း ပျောက်မသွားခင်နှစ်ရက်ကဖြစ်သည်။
"ကဲ မင်းဘာပြောစရာရှိသေးလဲ ယူဂျင်း"
ခေါ်လာတည်းကငြိမ်နေသည့် ယူဂျင်းက ထိုမှတ်တမ်းတွေကိုပြလိုက်တော့ ခေါင်းမော့ကြည့်လာသည်။
"သူနဲ့ ဆရာပတ်ရဲ့စာမှတ်တမ်းတွေရောစစ်မကြည့်ခဲ့ဘူးလား စုံထောက်ဟွမ်"
YOU ARE READING
BREATHER
FanfictionStory between teacher and student. Crd art to owner. Mini story. ✅Unicode ✅Zawgyi