Extra

4.1K 323 21
                                    

"Hyung ရေ........စိတ်ကောက်ပြေတော့ကွာ "

မနေ့တည်းက ချော့နေတာ စိတ်ကောက်မပြေသေးဘူး ဖြစ်တဲ့ jiminကတော့် စကားတစ်ခွန်းမှထွက်မလာပါ

"Hyung‌ စိတ်ကောက်ပြေပါတော့်နော် ကားမောင်းရတာ စိတ်မဖြောင့်လို့ပါ နော် "

တကယ်ပါ hyungက အရင်ကနဲ့မတူဘူး အခုနောက်ပိုင်း အရမ်းလည်းချွဲသလို အရမ်းလည်း စိတ်ကောက်တတ်သည်။

Hyungစိတ်ကောက်ရင် စကားမပြောတော့ဘူး။ကျွန်တော် ထိုအချိန်မျိုးဆို အရမ်းခံစားရ၏ ကျွန်တော့ကို အလေးမထားသလိုပဲ အဲ့ကြောင့် စိတ်ကောက်မှာ အရမ်းကြောက်သည်။

"တကယ်ပါ hyungရယ် 'ယွန်ကို'ကကျွန်‌ေတာ် သူငယ်ချင်းပါ အရင်တည်းက သူငယ်ချင်းပါ မနေ့ကလည်း သူလက်ထပ်တော့မယ်ဆိုတာ လာပြောတာပါ တကယ်ပါနော် ကျွန်‌ေတာ်မလိမ်ပါဘူး"

အဲ့တာကြောင့် စိတ်ကောက်တာ မဟုတ်ကြောင်းတော့ ရှင်းပြချင်တယ် jungkook။ငါအခုနောက်ပိုင်း အရမ်းအတ္တကြီးနေတယ် မင်းနဲ့လက်ထပ်ပြီး နောက်ပိုင်းပေါ့
ငါ့ကိုအချိန်မပေးပဲ အလုပ်တွေနင်းကန် လုပ်နေတဲ့ မင်းကိုအလုပ်တွေမသွား နိုင်အောင် ခြေ‌ထောက်တွေရိုက်ချိုးပစ်ချင်မိသည်။ငါအလုပ်‌ေတွကိုတောင် မနာလိုဖြစ်မိတယ်။

ငါအခုလိုတွေ စိတ်ကောက်နေလို့ စိတ်ပျက်သွားမလား၊
ရိုးအီပြီး ငါ့ကို စိတ်ကုန်သွားမလား၊
ကလေးမမွေးပေးနိုင်လို့ စိတ်မပါတော့မလား၊နောက်တစ်ချိန်း ငါကအဖိုးကြီးဖြစ်သွား ခဲ့ရင်ငါ့ဘေးမှာ ထက်ရောရှိနေပေးနိုင်‌ေသးလားဆို‌သည့် အတွေးတွေကြောင့် မငိုမိအောင်တင်းထားရင် ရှိုက်သံများ ထွက်လာသည်။

"ဟင့် ဟင့်...ဟင့်"

"အမ်းးးhyungငိုနေတယ် ......"

Jiminထံ၌ တရှူံ့ရှူံ့ဟူသော အသံလေးဟာ jungkookအတွက် ကမ္ဘာပျက်မတက် နာကျင်တယ်ဆိုတာ jiminတစ်ယောက် သိလာမှာပါ။

ကားကိုထိုးရပ်လိုက်ကာ jiminဘက်ကို အလောတကြီး လှည့်လိုက်သည့် jungkook

"ဘာလို့ ငိုတာလည်း မငိုနဲ့ ကျွန်‌ေတာ်မှားတာ ဟုတ်တယ် ယွန်ကို ကို စကားပြောမိတာကျွန်‌ေတာ်မှားတာ နောက်တစ်ခါလာရင် မပြောတော့်ဘူးနော် နော် တကယ်.......အင့်"

လွှတ်ချခွင့်မရှိ(complete)Where stories live. Discover now