FRIEND Zone (part 13)

183 8 0
                                    

တစ်ပတ်ကြာပြီးနောက်~~~
ကျူရှင်ပထမဆုံးတက်ရမည့်နေ့~~~
May side~~~
ဒီနေ့တော့မေကျူရှင်ပထမဆုံးတတ်ရမည့်နေ့ဖြစ်တာကြောင့်လွယ်အိတ်ထဲစာအုပ်တွေစီကာထည့်နေသည်။စာအုပ်များထည့်ပြီးနောက်မေလဲကျူရှင်သွားရန်ရေးမိုးချိုးပြင်ဆင်တော့သည်။ရေမိုးချိုးပြင်ဆင်ပြီးကာကျူရှင်သွားရန်အောက်သို့ဆင်းလာခဲ့တော့သည်။ထို့နောက်မေမေ့အားလှမ်းခေါ်ကာ
မေ~~မေမေရေကျူရှင်သွားရအောင်လိုက်ပို့ပါအုံး‌
တော်ကြာနောက်ကျနေမှာစိုးလို့။
မေမေ~~လာပါပြီသမီးရဲ့လေးနာရီထိုးဖို့15မိနစ်လိုပါသေးတယ်။ကျူရှင်ကလဲနီးနီးလေးပဲကိုနောက်မကျပါဘူးသမီးရယ်။
မေ~~အင်းပါမေမေရဲ့။သမီးကပထမရက်ဆိုတော့နေရာတွေဘာတွေယူပြီးစောစောရောက်ထားချင်လို့ပါ။ပြီးတော့စော‌စောရောက်မှနေရာဦးနိုင်မှလဲမိုးနဲ့အတူတူထိုင်လို့ရမှာလေမေမေရဲ့။
မေမေ~~အင်းပါသမီးရယ်။လာပြောနေတာနဲ့အချိန်ကုန်တယ်သွားမယ်သွားမယ်။
မေ~ဟုတ်ကဲ့မေမေ။
မေမေနဲ့မေလဲကျူရှင်သို့ဆိုင်ကယ်နဲ့ထွက်လာခဲ့ကြသည်။ကျူရှင်သို့ရောက်တော့မေမေလဲဆရာမနှင့်ပြောစရာရှိပြောအပ်စရာရှိတာအပ်ကျူရှင်လခပေးစရာရှိတာပေးကာပြန်သွားတော့သည်။မေလဲမေမေ့ကိုနှုတ်ဆက်ပြီးကျူရှင်စာသင်ခန်းထဲသို့ဝင်လာခဲ့လိုက်သည်။ကျူရှင်ခန်းထဲသို့ဝင်လာသည်နှင့်မိုးကလက်ပြကာခေါ်သောကြောင့်မေလဲမိုးရှိရာသို့သွားလိုက်တော့သည်။မိုးကသူဘေးနားကနေရာဖယ်ပေး၍မေ့အားထိုင်စေသည်။ မိုးထိုသို့ပြုမူတာကိုမြင်တော့မေသည်ရှင်းသန့်အားသတိရသွားမိသေးသည်။ရှင်းသန့်လဲမေ့ကိုဒီလိုလေးနေရာအမြဲဦးထားပေးရင်ကောင်းမှာပဲဟုတွေးမိသည်။မေလဲထိုနေရာမှရပ်၍ငိုင်နေသောကြောင့်မိုးကမေ့လက်အားဆွဲကာ
မိုး: ဟဲ့မေထိုင်လေနင်ဘာရပ်လုပ်နေတာတုန်းဟိုမှာဆရာလာတော့မယ်။
မေ: ဟင်~~အင်းထိုင်မယ်ထိုင်မယ်။‌
မေလဲဝင်ထိုင်လိုက်ပြီး‌ေနာက်မိုးကစကားဆိုလာပြန်သည်။
မိုး: နင်ဒီလောက်ထိငိုင်နေရအောင်ဘာတွေစဉ်းစားနေရတာလဲ။
မေ: ဘာ...ဘာမှမစဉ်းစားပါဘူးဟယ်ဒီတိုင်း...
မေလဲရှက်ရှက်နှင့်ခေါင်းလေးပွတ်ကာဖြေသည်။ထိုအခါမိုးက~~~
မိုး: ဧကန်နနင်ရှင်းသန့်အ‌ေကြာင်းစဉ်းစားနေတာမလားဟုမိုးကအော်မေးသည်။ထိုအခါမေက
မေ: တိုးတိုးပြောပါနင်ကလဲသူများတွေကြားသွားပါအုံးမယ်လို့မိုးအားတိုးတိုးပြောလိုက်သည်။
မိုး: ဘာပဲဖြစ်ဖြစ်နင်ငါမေးတာဖြေဟာ။
မေ: သိရင်လဲဘာလို့မေးနေလဲဟာဟုရှက်ရှက်နဲ့ပြန်အော်လိုက်သည်။ထိုအခါမှမိုးကမေ့အား
မိုး: နင့်ကိုလဲတကယ်မနိုင်တော့ဘူးဟုခေါင်းကိုခါပြီးသာပြောသည်။မေလဲဘာမှဆက်မပြောနေတော့ပဲနေလိုက်သည်။ထို့နောက်ဆရာလဲ‌ေရာက်လာသဖြင့်စာတွေကိုသာအာရုံစိုက်သင်လိုက်တော့သည်။
မေတို့သည်ကျူရှင်ကိုအရင်လိုအတန်းငယ်တုန်းကလိုတစ်ချိန်ထဲတက်ရသည့်မဟုတ်တော့ကျောင်းတက်သလိုမျိုးဆက်တိုက်တစ်ချိန်ပြီးတစ်ချိန်တက်နေရသည်။နှစ်နာရီခြားတစ်ခါဆရာများပြောင်းသည်။
မြန်မာ၊ Eng၊Maths၊ကတော့ငယ်ငယ်ထဲကသင်လာရတာမို့သင်ရတာသိပ်မခက်ခဲပေမယ့် physic၊
chemistry၊Bioကတော့အခုမှသင်ဖူးတာမို့နည်းနည်းခက်နေသည်။မေတို့သည်မနက်ရှစ်နာရီထဲကနေအခုနေ့ခင်းဆယ့်နှစ်နာရီထိမနားရသေးပါ။ဒီဆရာပြန်မှပဲထမင်းစားနားချိန်တစ်နာရီရသည်။ထို့ကြောင့်အခုစာသင်နေတဲ့ဆရာအားမြန်မြန်ပြန်စေချင်သည်။ဆယ့်နှစ်နာရီထိုးပြီးငါးမိနစ်ကျမှဆရာလဲပြန်သွားသည်။မေတို့လဲထိုအခါမှနားရတော့သည်။

FRIEND ZONEWhere stories live. Discover now