FRIEND ZONE (part6)

209 11 0
                                    

မေလဲအိမ်ပြန်ရောက်တော့မေမေ့အားနားတော့မည်ဟုပြောကာအပေါ်သို့တက်ခဲ့လိုက်သည်။ညစာလဲစားပြီးပြီမို့အခန်းထဲမှပြန်ထွက်ရန်လဲအစီအစဉ်မရှိပေ။
အခန်းထဲသို့အရောက်~~
May side~~~
‌အခန်းထဲသို့ရောက်တော့မေလဲစိတ်ညစ်ညစ်နဲ့အိပ်ယာပေါ်ပစ်လှဲလိုက်တော့သည်။
မေ: ငါဒီလောက်လမ်းစပေးနေတာကိုပြန်မပြောဘူး။
အမှန်ဆိုနင်ငါ့ကိုစိတ်ဆိုးနေတာလားဘာလားမေးရမှာပေါ့နောက်ပြီးကျောင်းမှာတူတူမထိုင်ဖြစ်တဲ့အကြောင်းရှင်းပြရမှာပေါ့ဘာလဲဟာခုတော့ဘာမှမပြောဘူး😠😠ဟူ၍ကိုယ့်ဘာသာစိတ်မရှည်ကာစိတ်တို၍တီးတိုးရေရွတ်နေမိသည်။ထို့နောက်စိတ်ညစ်ညစ်နဲ့မေ diaryရေးမိသည်။
မေရဲ့ diaryစာလေး
{နင်သိရဲ့လားရှင်းသန့်နင့်ကြောင့်ငါဘယ်လောက်စိတ်တိုနေရလဲ။ နင်ကနားလည်ရခက်တယ် တစ်ခါတစ်ခါငါ့ကိုတအားခင်တဲ့ပုံပေါက်သလို တစ်ခါခါကျတော့လဲဂရုမစိုက်ပြန်ဘူး။ငါနင့်ကိုဘယ်လိုမြင်ရမလဲတကယ်မသိတော့ဘူးနင်ကငါ့အတွက်တော့တကယ့်စဉ်းစားရကျပ်စေတဲ့သူပဲ။ ငါကလဲအဲ့လိုစဉ်းစားရကျပ်နေတဲ့လူကိုမှခင်မိနေတယ်}လို့ရေးပြီး diaryလေးကိုအဆုံးသတ်လိုက်သည်။
အမှန်တကယ်တော့မေ့ရဲ့စိတ်ထဲမှာရှင်းသန့်ကိုခင်နေတာလားချစ်နေတာလားမသဲကွဲတာပါ။12နှစ်ဆိုတဲ့အသက်အရွယ်မှာလဲအချစ်ဆိုတာဘာမှန်းမသိတာကြောင့်လဲဖြစ်သည်။ထို့ကြောင့်မေကိုယ်တိုင်လဲရှင်းသန့်ကိုခင်တာလားချစ်တာလားမကွဲပြားခဲ့ပါ။မေးလဲအရမ်းကြီးစဉ်းစားမနေပဲအချိန်တန်သိမှာပဲဆိုပြီးဘာသိဘာသာနေခဲ့သည်။ဒါပေမယ့်ချစ်လားမချစ်လားမကွဲပြားပေမယ့်ရှင်းသန့်ကိုမေမဟုတ်ပဲတခြားသူတွေနဲ့ရယ်နေပြုံးနေပျော်နေရင်တော့အလိုလိုသဝန်တိုစိတ်ဆိုးမိတာတော့အမှန်ပင်။ဒါကိုတော့မေသိသည်။ဒါပေမယ့်ဒီလိုဖြစ်တာကလဲတအားခင်လို့ဖြစ်တာနေမှာဆိုပြီးသာမေထင်နေခဲ့သည်။ထိုသို့အတွေးပေါင်းသောင်းခြောက်ထောင်ကိုစဉ်းစားရင်နဲ့ပဲမေအိပ်ပျော်သွားခဲ့သည်။
Shin Thant side~~
ရှင်းသန့်လဲအိမ်ပြန်ရောက်သည်နှင့်ရေမိုးချိုးညစာစားကာနားရန်အိမ်ပေါ်ထပ်မိမိအခန်းသို့တက်လာခဲ့လိုက်သည်။အပြီးလုပ်ရမည့်အိမ်စာများကိုလုပ်လုပ်၍စိတ်လဲသိပ်မကြည်တာကြောင့် diaryရေးမိသည်။
ရှင်းသန့်ရေးတဲ့ diaryစာလေး
{မေနင်သိရဲ့လားနင်ဒီနေ့‌ငါ့ကိုမှတ်မိသေးသားပဲလို့ပြောတဲ့စကားကငါ့ကိုခံစားရခက်စေတယ်ဟာ။ကိုယ့်သူငယ်ချင်းအရင်းကြီးကဒီလိုပြောတော့ငါတကယ်စိတ်မကောင်းဘူး။ငါနင်နဲ့ပတ်သက်ပြီးအရာရာမေ့ခဲ့မိလို့တောင်းပန်ပါတယ်။နင့်ရဲ့မွေးနေ့မမှတ်မိခဲ့လို့လဲငါတောင်းပန်ပါတယ်။နင်ဒီနေ့ငါ့ကိုမေးချင်နေတာမလားကျောင်းမှာနင်နဲ့ဘာလို့တူတူမထိုင်လဲလို့...ငါသိပါတယ်နင်မေးချင်နေမယ်ဆိုတာ။နောက်ပြီးငါ့ကိုမေ့နေတယ်လို့နင်ထင်နေတာမလား။ငါမမေ့ပါဘူးဟာနောက်ပြီးဒီနေ့မထိုင်ဖြစ်တာကလဲမြတ်နိုးတို့သူသူတို့ကငါ့ကိုသူတို့နဲ့အတင်းထိုင်ခိုင်းလို့ပါ။ငါငြင်းပါသေးတယ်ဒါပေမယ့်နင်မလာဖြစ်တော့ဘူးထင်တာနဲ့ငါလဲထိုင်လိုက်တာ။နင်ကကျောင်းတက်ခါနီးမှရောက်လာတော့ဘယ်လိုမှအဆင်မပြေဘူးဖြစ်သွားတယ်။အဲ့တာနဲ့ပဲငါလဲနင်လာရင်ငါနဲ့အတူတူမထိုင်ရရင်တောင်ငါ့နောက်မှာထိုင်လို့ရအောင်ငါ့နောက်ကခုံကိုနေရာဦးထားပေးခဲ့တာနောက်ပြီးနင်လာရင်ထိုင်ပါစေလို့လဲဆုတောင်းနေခဲ့ရတာ။နင်ရောက်လာပြီးအဲ့နေရာလေးမှာထိုင်လိုက်မှပဲစိတ်အေးရတော့တာ။ဒါတွေနင်မသိပါဘူးနင်ငါ့ကိုအထင်ပဲလွဲနေခဲ့တာမလား။ငါရှင်းပြမလို့ပါပဲအခါမသင့်လိုက်လို့ပါ။ဘာပဲဖြစ်ဖြစ်ဒီနေ့ကျူရှင်မှာတူတူထိုင်ရလို့ငါပျော်ပါတယ်။နင်စိတ်ဆိုးတိုင်းတအားမချော့ဖြစ်တာကိုလဲတစ်မျိုးမထင်ပါနဲ့ငါကမချော့တတ်ဘူးဟနင်မှမဟုတ်ဘူးတခြားသူတွေကိုလဲမချော့ဘူး။နင်မို့သာနင်စိတ်ဆိုးရင်နည်းနည်းချော့တာတခြားသူဆိုငါကအရေးလုပ်ပြီးတောင်ချော့တာမဟုတ်ဘူး။နင့်ကိုပဲငါချော့ဖူးသေးတယ်နင်သိလား။မသိလောက်ပါဘူးလေငါမှမပြောဖူးတာ။ထားလိုက်ပါတော့လေဘာပဲဖြစ်ဖြစ်ငါကနင့်ကိုအခင်ဆုံးဆိုတာနင်သိနေရင်ကောင်းမယ်}လို့ရေးပြီးအဆုံးသတ်လိုက်သည်။
အစကစိတ်တွေရှုပ်နေပေမယ့် diary‌ေလးထဲရေးချင်တာရေးလိုက်ရတာကြောင့်စိတ်ပေါ့ပြီးကောင်းကောင်းအိပ်ပျော်သွားခဲ့သည်။
မနက်မိုးလင်းချိန်~~~~
Alarmမြည်လာ၍မေလဲနိုးလာခဲ့သည်။ထို့နောက်
မေလဲအကြောဆန့်ကာအိပ်ယာမှထဖို့ပြင်သည်။မနေ့ကညဉ့်နည်းနည်းနက်မှအိပ်ပျော်သွားသောကြောင့်ခေါင်းကမူးနောက်နောက်ဖြစ်နေသည်။သို့သော်ပြန်အိပ်ရန်မဖြစ်တော့ပေကျောင်းချိန်မှီရန်ရေးမိုးချိုးမှဖြစ်တော့မည်။ထို့ကြောင့်မေလဲထကာရေချိုးခန်းထဲသို့ဝင်၍ရေချိုးလိုက်သည်။ရေချိုးပြီးနောက်အဝတ်အစားလဲကာအောက်သို့ဆင်းလာပြီးမေမေပြင်ပေးထားသောမနက်စာစားကာကျောင်းသို့လာလိုက်သည်။
ကျောင်းသို့အရောက်~~~
အတန်းထဲသို့ဝင်လိုက်သောအခါရှင်းသန့်လှည့်မေးသည့်စကားကြောင့်မေခေါင်းမူးတာတွေပျောက်သွားရလောက်အောင်ပြာယာခက်သွားရသည်။
ရှင်းသန့်: ဟဲ့မေနင်အိမ်စာပြီးပြီလား။
ရှင်းသန့်မေးမှမေသတိရသည်မနေ့ကစိတ်ရှုပ်ပြီးအိမ်စာလုပ်ရန်မေ သတိမရဖြစ်သွားခဲ့သည်။သွားပြီဆရာမကအိမ်စာမပြီးလျှင်အပြစ်ပေးမည်ပြောထားသောကြောင့်မေစိတ်ညစ်သွားကာပြန်ဖြေလိုက်သည်။
မေ: သွားပြီဟငါတစ်ပုဒ်မှမပြီးသေးဘူး😣😣ဘယ်လိုလုပ်ရမလဲအပြစ်ပေးခံရတော့မယ်😭😭
ရှင်းသန့်: အခုမှငိုမနေနဲ့နင့်ဘာသာမေ့ပြီးတော့
ဒါပေမယ့်ဘာမှမဖြစ်ဘူးအခုလုပ်လို့ရတာပဲဆရာမလာဖို့ 45မိနစ်တောင်လိုသေးတာ လာပါငါကူလုပ်ပေးမယ်။
မေ: တကယ်လား🥺🥺ကျေးဇူးတင်ပါတယ်ဟာ😑
ရှင်းသန့်: ကျေးဇူးကနောက်မှတင်လာအခုလုပ်မယ်
မေ:အင်းအင်း
လို့ပြောကာမေလဲစာအုပ်တွေထုတ်လိုက်သည်။ရှင်းသန့်လဲမေစာအုပ်ထုတ်လိုက်သည်နှင့်ရေးရမည့်စာများကိုရေးနေသည်။နှစ်ယောက်သားပေါင်းလုပ်လိုက်သောကြောင့်15မိနစ်ထဲနဲ့ပြီးသွားသည်။
တော်သေးသည်အိမ်စာလဲနည်းနေခြင်းကြောင့်သာမြန်မြန်ပြီးသည်။ထို့ပြင်မေသည်အိမ်စာလုပ်ရန်မေ့ခဲ့သည်ကိုစိတ်ထဲ၌ကြိတ်ပျော်နေသည်။အဘယ်ကြောင့်ဆိုသော်ရှင်းသန့်လက်ရေးကိုသူ့စာအုပ်မှာသိမ်းထားနိုင်ပြီဖြစ်သောကြောင့်ဖြစ်သည်။
မေသည်ရှင်းသန့်နှင့်ပတ်သက်လျှင့်အဲ့လောက်ထိအဖြစ်သည်းသည်ငါတန်းတုန်းကဆိုလဲရှင်းသန့်ရေးပေးထားတဲ့စာတွေဆိုစာသင်နှစ်ကုန်လျှင်အဲ့စာအုပ်တွေကိုမလွင့်ပစ်ပဲအမြတ်တနိုးသိမ်းထားတတ်သည်။‌ထို့ပြင်ရှင်းသန့်ပေးတဲ့သေးသေးမွှားမွှားကအစမေသိမ်းသည်။ဘယ်အချိန်ကစပြီးအဲ့လိုလုပ်မိနေသည်ကိုမေကိုယ်တိုင်လဲမသိ။မေလဲကိုယ့်အတွေးနဲ့ကိုယ်‌ပြုံး‌နေစဉ်ရှင်းသန့်မှစကားဆိုသည်။
ရှင်းသန့်~~ဘာတွေအဲ့လောက်တောင်ပြုံးနေတာတုန်းနင်က🤔🤔
မေ: ဘာမှမဟုတ်ပါဘူးငါအိမ်စာပြီးသွားလို့လေအပြစ်ပေးမခံရတော့ဘူးဆိုပြီးပျော်နေတာပါ😁😁
ရှင်းသန့်: နင်ကပြုံးနေငါကနင့်စာတွေရေးပေးပြီးလက်ညောင်းနေပြီနင်သိလားအဲ့တာ🙄🙄
မေ: အင်းပါသူငယ်ချင်းလေးရယ်အခုလိုကူညီပေးလို့ကျေးဇူးပါကျောင်းဆင်းရင်မုန့်ဝယ်ကျွေးပါ့မယ်လို့ချွဲပြီးပြောလိုက်သည်။ထိုအခါမှရှင်းသန့်ကပြုံး၍
ရှင်းသန့်: တော်ပါလာချွဲမနေနဲ့နင်မဝယ်ကျွေးလဲငါကဒီနေ့နင့်ကိုဝယ်ကျွေးခိုင်းမလို့စဉ်းစားထားပြီးသား
မေ: အင်းပါအာ့ဆိုမုန့်စားဆင်းချိန်ကျတူတူသွားမယ်လေ။
ရှင်းသန့်: အင်းသွားမယ် လို့ပြောကအရှေ့သို့ပြန်လှည့်သွားသည်။
ထို့နောက်ဆရာမလဲအတန်းထဲသို့ဝင်လာသောကြောင့်ထနှုတ်ဆက်ကြသည်။ထို့နောက်အိမ်စာများကိုစစ်သည်။ပြီးသွားလို့တော်သေးသည်မပြီးလျှင်ဒီချိန်ဆိုဖားခုန်နေရလောက်ပြီ။ကူလုပ်ပေးတဲ့ရှင်းသန့်ကိုအရမ်းတွေသာကျေးဇူးတင်မိတော့သည်။ထို့နောက်စာသင်ချိန်တစ်ချိန်ပြီးတစ်ချိန်ပြီး၍မုန့်စားဆင်းချိန်သို့ရောက်လာခဲ့သည်။

FRIEND ZONEWhere stories live. Discover now