FRIEND ZONE(part1)

Start from the beginning
                                    

ကျောင်းသူများ: ဟုတ်ကဲ့ပါဆရာမ။

စာသင်ချိန်တစ်ချိန်ပြီးတစ်ချိန်ပြီးသွား၍မုန့်စားဆင်းချိန်သို့ရောက်လာခဲ့သည်။

မုန့်စားဆင်းချိန်~~~~~

မေ: အားညောင်းလိုက်တာ~~~~‌ဗိုက်လဲဆာပြီမုန့်သွားဝယ်စားရမယ်။
မေမုန့်စားရန်အတွက်အတန်းထဲမှထွက်ချိန်မေရဲ့အရှေ့မှရပ်၍မေ့အားခြေထိုးခံတဲ့လူတစ်စုကြောင့်မေလဲသွားရသည်။
မေလဲလဲသွားပြီးအ‌ပေါ်ကိုမော့ကြည့်တော့မေနဲ့ရွယ်တူကောင်မလေးတစ်စုကမေ့ကိုကြည့်ကာရယ်နေကြသည်။မေလဲဒေါသထွက်ကာထ၍ရန်တွေ့တော့သည်။
မေ: နင်ဘာလို့ငါ့ကိုအဲ့လိုလုပ်တာလဲ။လူသွားနေတာမမြင်ဘူးလား။
ထိုကောင်မလေးမှ~~ငါလဲသွားနေတာပဲနင့်ဘာသာလျှော်လဲတာငါနဲ့ဘာဆိုင်လဲ။နင်ကြည့်သွားပါလားမျက်လုံးမပါဘူးလားကန်းနေလားဆိုပြီးမေ့ကိုပြန်ပြောသည်။
မေကလဲ~~
မေ:အေငါကမကန်းဘူးနင်တမင်ခြေထိုးခံတာလေအားလုံးမြင်နေတာပဲဆိုပြီးအတန်းထဲကလူတွေကိုလက်ညိုးထိုးပြသည်။
အတန်းကလူတွေကလဲထိုကောင်မလေးကိုကြောက်ကြသည်ထင်သည်ဘာမှပြန်မပြောရဲကျပေ။
အဲ့အချိန်မှာထိုကောင်မလေးက~~~နင်သူများတွေကိုရှေ့နေလိုက်ခိုင်းမနေနဲ့သူတို့နင့်ဘက်မှာရှိမှာမဟုတ်ဖူးသူတို့အကုန်ငါ့ကိုကြောက်ရတယ် အဲ့တာနင်သိလား နင်လိုအခုမှရောက်လာတဲ့သူကိုပညာပြတာပဲ။အခုမှအစပဲရှိသေးတယ်နောက်လာအုံးမှာ နင်မခံနိုင်ရင်အတန်းပြောင်း ဒါပဲဆိုပြီးပြောကာပုခုံးတိုက်ကာထွက်သွားသည်။
မေကလဲဒေါသဖြစ်ကာကျန်ခဲ့သည်။ အဲ့နေ့ကမေသူ့ကြောင့်မုန့်မစားခဲ့ရပါဒေါသတွေသာထွက်ခဲ့ရသည်။

ကျောင်းပြန်တက်ချိန်~~~~~
မေ: ဟူးဗိုက်ဆာလိုက်~~~ဟိုဂျပုမကြောင့်မုန့်မစားလိုက်ရဘူး:((
(ဂျပုမဆိုသည်မှာသူ့ကိုရန်စသောသူကိုခေါ်ခြင်းဖြစ်သည်အဘယ်ကြောင့်ဆိုသော်အဲ့ကောင်မလေးမှာသူ့ထက်အရပ်ပုသောကြောင့်ဖြစ်သည်။)

မေထိုသို့ညည်းနေချိန်မေ့နားလာထိုင်၍ကောင်မလေးတစ်ယောက်ကစကားလာပြောသည်။ ထိုကောင်မလေးမှာမေမနက်ထဲကမေ့ဘေးနားမှာထိုင်သောကောင်မလေးဖြစ်သည်။မနက်ကစာတွေသင်နေရ၍မနှုတ်ဆက်ဖြစ်ခြင်းသာဖြစ်သည်။ကောင်မလေးမှာဝဝကစ်ကစ်နဲ့ခင်ဖို့ကောင်းမဲ့ပုံ~~~~
ထိုကောင်မလေးမှမေ့အား~~~~ ဟိတ်ဗိုက်ဆာနေတာလားနင်🤔
မေ:အင်းဟုတ်တယ်ငါမုန့်စားဆင်းချိန်ကမစားလိုက်ရလို့ ဟုပြောလိုက်သည်။ ထိုအခါထိုကောင်မလေးကသူကိုင်လာတဲ့မုန့်တွေထဲတစ်ထုပ်ကိုယူ‌ပြီးမေ့ကိုပေးသည်။ မေကလဲဗိုက်ဆာနေတာမို့လက်ခံလိုက်သည်။ပြီးတော့မှမေကစကား‌ပြန်ပြောသည်
မေ:ကျောင်းတက်နေပြီကိုငါစားလို့ရပါ့မလား???
ထိုကောင်မလေးမှ~~ရပါတယ်ဆရာမမှမရောက်သေးပဲစားလိုက်ပါ မဟုတ်ရင်နင်ဗိုက်အောင့်နေမယ်ဆိုပြီးပြောသည်။
မေလဲဝမ်းသာသွား၍ကျေးဇူးတင်ပါတယ်ဆိုပြီးပြန်ပြောလိုက်သည်။ထိုအခါအဲ့ကောင်မလေးက~~
ရပါတယ်သူငယ်ချင်းတွေပဲဆိုပြီးပြောသည်။
နောက်ပြီးထိုကောင်မလေးကဆက်ပြောသည်~~
''ငါ့နာမည်လဲမှတ်ထားအုံးငါ့နာမည်က ရတီမိုးမြင့်လို့ခေါ်တယ်"
မေ: အော်အင်းပါမှတ်ထားမယ်။ငါ့နာမည်လဲမှတ်ထားငါ့နာမည်ကမေသက်ထားတဲ့ဒီနေ့ကစပြီးငါတို့သူငယ်ချင်းလုပ်ကြမယ်။နင့်ကို ''မိုး" လို့ခေါ်မယ်
ငါ့ကိုလဲ ''မေ"လို့ခေါ်ပေါ့
တစ်ယောက်နဲ့တစ်ယောက်မိတ်ဆက်နေတုန်းဆရာမရောက်လာ၍စာသင်လိုက်ကြရသည်။ထိုနေမှစ၍ မေသည်မိုးနဲ့အခင်ဆုံးဖြစ်ခဲ့ကြသည်။
စာသင်ချိန်ပြီးနောက်~~~~
မိုး :မေငါတို့အတူတူပြန်ကြရအောင်လေ
မေ: အာငါဒီနေ့အိမ်ကိုကြိုခိုင်းထားတာ ဆော်တီးဟာ
နော်နောက်နေ့ပြန်ကြမယ်။ ဒါနဲ့နင့်အိမ်ကဘယ်လမ်းနားလဲ??
မိုး:ငါ့အိမ်က xxxလမ်းမှာ။ဒါနဲ့နင်ရော
မေ:ငါတို့ကxxxလမ်းမှာ။နင်နဲ့ငါတစ်လမ်းပဲခြားတယ်ဟ😱😱
မိုး:အေးဟပျော်စရာကြီးနောက်နေ့စက်ဘီးနဲ့တူတူပြန်ကြရအောင်လေ☺️🚴
‌မေ:အေးငါဒီနေ့အိမ်ကိုပြောလိုက်အံုးမယ်နောက်နေ့နင်နဲ့ပြန်ဖို့ကို။
ကျောင်းဆင်းချိန်~~~~~
မိုး:မေတာ့တာနောက်နေ့မှတွေ့မယ်👋👋
မေ:အင်းတာ့တာကောင်းကောင်းပြန်နော်👋👋👋
မေလဲအိမ်ပြန်ရောက်တော့ရေမိုးချိုးပြီးနောက်အိပ်ယာပေါ်၌ခဏနားကာလှဲနေလိုက်သည်။လှဲနေရင်းမနက်ကဂျပုမကိုတွေးမိနေသည်အဲ့ဂျပုနောက်တစ်ခါလာလုပ်ရင်မခံဘူးဆိုပြီးလဲကျိန်းထားသည်။
ထိုစဉ်အမေမှ~~~သမီးရေအောက်ဆင်းအဆာပြေစားခဏနေကျူရှင်သွားအပ်ရအုံးမယ်လေဆိုပြီးအော်ပြောနေသည်။ မေလဲအမေကြားနိုင်လောက်တဲ့အသံဖြင့် ''ဟုတ်ကဲ့‌အမေ"ဆိုပြီးပြန်အော်ပြောလိုက်သည်။

FRIEND ZONEWhere stories live. Discover now