အခန်း ၄/ဆေးသောက်ချိန်(ေဆးေသာက္ခ်ိန္)

Magsimula sa umpisa
                                    

ကျီယွယ့်၏ ရှုထောင့်တွင်မူ အသက်ရှုမှားလောက်သော အလှလေးက မျက်စိပဒါဿ ဖြစ်စရာပင်။

အလှလေးက မျက်တောင်ရှည်လေးများနှင့် မျက်ဝန်းကို ပိတ်ထားပြီး နီသွေးဖြန်းနေသော ပါးလေးနှင့် ပိုးသားကဲ့သို့ နက်မှောင်နေသော ဆံနွယ်များက သလွန်ထက်တွင် ပြန့်ကျဲလျ
က်ရှိသည်။သွယ်လျသော လက်ချောင်းများက အစိမ်းရောင် ပိုးသားခြုံထည်ကို ခပ်တင်း
တင်း ဆုပ်ကိုင်ထားရင်း မျက်မှောင်ကြုံ့ထားသော အသွင်က အားနည်းနေဟန် ရှိသော်လ
ည်း တိတ်ဆိတ်စွာ သည်းခံနေဆဲဖြစ်သည်။

သူသည် တုနှိုင်းမဲ့သော အသွင်နှင့် နူးညံ့စွာ လှပသော ကြွေရုပ်တုလေးပမာ။

"နန်းတွင်းသမားတော်ဆီ သွားပြီး ဒီကို ခေါ်လာခဲ့"

ကျီယွယ့်က အသံတိုးတိုးဖြင့် အမိန့်ပေးလိုက်လေရာ နန်းတော်စောင့်လည်း ဦးညွှတ်ပြလာခဲ့သည်။

"အမိန့်​တော်အတိုင်းပါ အရှင်"

ကျီယွယ့်က သူကို ထပ်မှာလိုက်သေး၏။

"ပြီးတော့ ဂျင်းပြုတ်ရည် တစ်ခွက်လောက် ထပ်ပြင်လာခဲ့အုံး"

နန်းတော်စောင့်မှာ ခဏလောက် ကြောင်အမ်း
သွားရပြီးမှ နားလည်ပြီဖြစ်ကြောင်း အရိုအ
သေပေးလိုက်သည်။

အနောက် ပြန်လှည့်လိုက်သည်နှင့် သူ့စိတ်ထဲ
၌ တိတ်တဆိတ် မှတ်ချက်ပေးလိုက်တော့သ
ည်။

ဒီဝေ့ရှစ်ကျွင့်ကတော့ တကယ်ကို ကံကောင်း
တာပဲ။

အရှင်ဧကရာဇ်ကို သူ အလုပ်အကျွေးပြုလာသော ကာလတစ်လျှောက်၌ အခြားလူတစ်ယောက်ကို ဂရုစိုက်သည်ဟူ၍ သူတစ်ခါမှ မတွေ့ဖူးခဲ့ခြင်းကြောင့်ပင်။

*****

ဝေ့လျန်၏ ခန္ဓာကိုယ်သည် မသက်မသာ ဖြစ်နေသေးသော်လည်း အဖျားတက်နေခြင်းတော့ မရှိချေ။

သူသည် နန်းတော်၏ အန္တရာယ်များသော ပ
တ်ဝန်းကျင်တွင် ကြီးပြင်းလာသူဖြစ်ရာ အ
ခြေအနေ မည်သို့ပင်ဖြစ်စေ တစ်ဖက်လူထံမှ အသနားမခံရအောင် ရှင်းရှင်းလင်းလင်း နေ
ထိုင်တတ်သူ ဖြစ်၏။

ထိမ်း​​မြားပဏ္ဏာအင်ပါယာTahanan ng mga kuwento. Tumuklas ngayon