အခန်း၇/သက်မဲ့နှလုံးသား

404 82 2
                                    

-ကိုယ်တော်ကလူ့အသက်ကိုပဲယုံတယ်...လူ့
နှလုံးသားကိုဘယ်တော့မှယုံဘူး-

ကျီယွယ့်သည် လူငယ်လေးကို စိုက်ကြည့်နေ
၏။ဝေ့လျန်အကြောင်းကို သူစုံစမ်းခဲ့ပြီးဖြစ်ရာ ချူအင်ပါယာတွင် နေခဲ့စဥ်က ဝေ့လျန် ဖြ
တ်သန်းခဲ့ရသော ဘဝအတွေ့အကြုံများကိုပါ သိထားသည်။

သို့သော် သူသည် စကားတစ်ခွန်းကို ပြုံးပြုံးလေးနှင့် ယုံပေးလိုက်မည့် လူစားမျိုးတော့ မဟုတ်ခဲ့။

တော်ဝင်နန်းလုပွဲ၌ ရှင်ကျန်ခဲ့သူတစ်ဦးအနေဖြင့် ကျီယွယ့်၏ စိတ်နေစိတ်ထားသည် အတို
င်းအဆမဲ့အောင် နက်ရှိုင်းလှသည်။

လူတိုင်းတွင် ကိုယ့်ကိုယ်ကို ကာကွယ်ရန် န
ည်းလမ်းတစ်ခုတော့ ရှိတတ်ကြသည်။အချို့သည် လူအများ ကြောက်ရွံ့ကြသော ရုန့်ရင်းကြမ်းတမ်းသူအဖြစ် ပြောင်းလဲသွားကြပြီး အချို့ကမူ နူးညံ့ချိုသာသော မျက်နှာဖုံးအော
က်တွင် သရုပ်မှန်ကို ကွယ်ဝှက်ထားတတ်ကြသည်။

လက်တွေ့ဆိုရသော် အရေပြားအောက်တွင်တော့ ဘာမှကွာခြားမနေပါချေ။

အသက်ရှင်ကျန်ရစ်သူ နှစ်မျိုးစလုံးသည် သူ
မတူအောင် ဥာဏ်ကောင်းပြီး နှလုံးသားကင်းမဲ့သူများဖြစ်ကြသည်။

******

"ချူဧကရာဇ်က မင်းကို ဘာလို့များ ဒီလိုမျိုး ဆက်ဆံပါလိမ့်နော်"

ကျီယွယ့်သည် ဝေ့လျန်၏ မျက်ခုံးမှတဆင့် မျက်နှာကြန်အင်လက္ခဏာရပ်တိုင်းကို လက်
ချောင်းဖြင့် ခပ်သာသာ ပွတ်ဆွဲချလာပြီး

"မင်းလို အလှလေးက တစ်စုံတစ်ယောက်ရဲ့ လက်ထဲမှာ ဆုပ်ကိုင်ခံထားသင့်တယ်"

ကျီယွယ့်၏ လက်ချောင်းများသည် မင်တံတို့ဖြင့် ကခုန်ရစ်မြူးပါလေသော ဂုဏ်အသရေတင့် ပညာရှင်ပမာ ရှည်သွယ်လှပသည်။ထိတွေ့ခံနေရသော ဝေ့လျန်သာလျှင် ထိုလက်
ချောင်းများ၌ အနည်းငယ် ကြမ်းရှမှုများ ရှိနေ
သည်ကို ခံစားမိနိုင်သည်။

ထိုလက်အစုံသည် လေးတံကို ကွေးညွတ်၍ ဓားရှည်ကို ကိုင်စွဲရင်း လူ့အသက်ပေါင်းများစွာကို နှုတ်ယူခဲ့လေသည်။

ထိမ်း​​မြားပဏ္ဏာအင်ပါယာWhere stories live. Discover now