ဇာတ်သိမ်းပိုင်း(၆၆)

Start from the beginning
                                    

ဘယ်သူမှမသိဘဲ ဒီနေရာလေးမှာနေပါရစေ။
ဘယ်သူမှမသိဘဲ ဒီအိမ်လေးထဲမှာ အဆုံးသတ်ပါရစေ။
ဘယ်သူမှမသိဘဲ အူးကိုချစ်တဲ့အချစ်အကြောင်းတွေကို ဒီအိမ်လေးကို ပြောပြခဲ့ပါရစေ။
ဘယ်သူမှမသိဘဲ.................နှုတ်ဆက်ပါရစေ။

အေးချမ်းလိုက်တာ..အူးရယ်။
အူးရဲ့ အချစ်တွေ၊ အူးရဲ့မေတ္တာတွေ ရှိနေတဲ့နေရာလေးမို့လားမသိဘူး။

ဒီနေ့မှ မိုးတွေတအားရွာတာဘဲ အူးရေ။
မိုးတွေရွာတိုင်း တစ်ခုခုကို အရမ်းလွမ်းတာဘဲ ဆိုတဲ့ အူး... အခုရော သားကိုများ အရမ်းလွမ်းနေမလား..။

ခြံထဲတဖြေးဖြေးဝင်လာရင်း အိမ်ကလေးရဲ့အရှေ့ရောက်တော့
စိတ်ကို ဒုန်းဒုန်းချလိုက်တော့သည်။
မာန်တင်းကာ လာခဲ့ပေမယ့် စိတ်လျော့လိုက်သည်နှင့် မိုးရေထဲမှာ
လူကအရုပ်ကြိုးပြတ်လဲကြသွားတော့သည်။

မျက်လုံးတွေပြာလာသလိုဘဲ။
အတွင်းကလီစာတွေဆီက စူးအောင့်လာသည့် ဝေဒနာကို အံကြိတ်ခံရင်း အူးကို ချစ်တဲ့အကြောင်းတွေကို အိမ်အဖြူလေးထံ ပြောပြနေခဲ့သည်။

တစ်ချိန်ချိန် အူးခွင့်လွှတ်လာတဲ့အခါ ပြန်ပြောပြပေးပါ အိမ်ကလေးရယ်။

အူးနဲ့ ရှိုင်းရဲ့ အနာဂတ်လေးကို မြင်နေရသည်။
အိမ်လေးထဲက ကော်ဖီဘားလေးမှာ အူးက ကောင်တာထိုင်လို့၊ ရှိုင်းက စားပွဲထိုးလို့... ပျော်ရွှင်စရာ ဘဝသစ်လေး။

ရှိုင်းကို တစ်ချက်တစ်ချက် မထိတထိ လှမ်းစရင်း အူးကပြုံးရွှင်လို့။
အရမ်းချစ်စရာကောင်းတဲ့အူး...။
သားမရှိလဲ.. ပျော်အောင်နေပါဗျာ....။

မျက်ဝန်းတွေ မှိတ်မသွားခင်လေး အူးရဲ့အသံကို ကြားလိုက်သလိုဘဲ။
တကယ်ဘဲ အူးလား။
ရှိုင်းအကြား မှားတာလား။
နောက်ဆုံးခေါ်သံလေး.......

"အဖြူ...''တဲ့....။

အူး.... သားရဲ့အူး.......။
တကယ်ဘဲ အူးလားဗျာ။
ဆုံးဖြတ်နိုင်ခြင်း မရှိခင်မှာဘဲ အရာအားလုံး အမှောင်အတိကျသွားတော့သည်။

**********************

သဲသဲမဲမဲရွာနေသည့် မိုးစက်တွေအောက်မှာ ဇွဲရဲ့ကားအဖြူလေးက အရှိန်ပြင်းစွာ ​ပြေးလွှားလို့နေသည်။

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now