အထိန်းတော်ကြီးရဲ့ လျှောက်တင်သံအဆုံးမှာ ဘေးကလက်သီးကိုတင်းကနဲစုပ်လိုက်တဲ့ထယ်ယောင်း။

Yg: မောင်မင်းတို့က ငါကိုယ်တော်ရဲ့အမိန့်မပါဘဲ ငါကိုယ်တော်ရဲ့နန်းဆောင်ကို ဝင်ချင်တဲ့သူဝင်ခိုင်းရဲတယ်ပေါ့

" အခြားသူမဟုတ်ဘဲ..မိ...မိဖုရားကြီးဖြစ်တာကြောင့် "

Yg: မိဖုရားကြီးဖြစ်နေရင်တောင်မှ ငါကိုယ်တော်ရဲ့အမိန့်ကို မထိလေးစားပြုခွင့်မရှိဘူး။နောက်တစ်ခါဆိုရင် မောင်မင်းတို့အားလုံးအပြစ်ပေးခံရမယ်မှတ်ပါ။

ယွန်ဂီပြောလိုက်တော့ ပြေလျှော့သွားတဲ့ထယ်ယောင်းရဲ့ လက်သီးစုပ်ကိုကြည့်ရင်း ယွန်ဂီသက်ပြင်းချမိတယ်။

* ကိုယ့်ချစ်သူရဲ့ သဝန်တိုနိုင်စွမ်းကို ကိုယ်သာလျှင်အသိဆုံးမဟုတ်ပေလား *

ဒီအချိန် အဆောင်တော်ထဲက ဂျီယောင်းထွက်လာပြီး ဒူးထောက်လိုက်ကာ

" ဟို...ကျွန်တော်မျိုးမက မင်းကြီး နဲ့ ရင်းနှီးမှုပိုရအောင်စကားလေးစမြည်ပြောချင်ရုံပါဘဲ။အရှင်မင်းကြီးအတွက် အနှောက်အယှက်ဖြစ်သွားတဲ့အတွက် ကျွန်တော်မျိုးမမှာအပြစ်ရှိပါတယ်."

ဇာတ်လိုက်မရဲ့ ကြာပန်းဖြူဇာတ်ကွက်ကြောင့်ပတ်ဝန်းကျင်ကတော့ အရည်တောက်တောက်ကျလို့ပေါ့။မသိရင် ငါမင်းကြီးက အကြင်နာတရားမရှိတဲ့လူကြီးကျနေတာဘဲ။

Yg: ထပါ။ ကိုယ်တော်က မိဖုရားကြီးကို အပြစ်တင်တာမဟုတ်ပါဘူး။ နန်းတွင်းမှာ ဘယ်သူက အချက်အချာကျပြီး ဘယ်သူ့အမိန့်ကို နာခံရမလဲဆိုတာ သိ​ေစချင်ရုံပါ။မိဖုရားက ကိုယ်တော်တားမြစ်ထားတဲ့အဆောင်ကို ဝင်ချင်းတိုင်းဝင်ရင် ကိုယ်တော့်ရဲ့ အာဏာသက်ရောက်မှုက လူအများလက်ညှိုးထိုးစရာဖြစ်ကုန်လိမ့်မယ်။မိဖုရားက ဒီလိုအခြေအနေကို လိုချင်တာတော့ မဟုတ်ဖူးမလား"

ယွန်ဂီ စကားအဆုံး ဂျီယောင်းက နှုတ်ခမ်းကိုကိုက်လိုက်မိသည်။ဒါသက်သက် သူ့ကိုကိုယ့်အဆင့်ကိုယ်သိဖို့ပြောလိုက်ခြင်းပင်။

" အဟင်း....ကျွန်တော်မျိုးမ မလုပ်ရဲပါဘူး။ "

Yg: အင်း...မိဖုရားကြီးက ကိုယ်တော်နဲ့ စကားစမြည်ပြောချင်နေတာဆိုတော့ ဥယျာဥ်တော်ထဲသွားကြမလား

System 13 (season 2 ) (Completed)Where stories live. Discover now