"တောင်းပန်ပါတယ် ငါ့ကြောင့်နဲ့ စိတ်ပင်ပန်းမခံပါနဲ့ မင်းမင်း နင် တစ်ကယ်ချစ်တဲ့သူနဲ့ပျော်ရွှင်ပါစေလို့ဆုတောင်းပေးပါတယ် အဟင်း ငါသွားတော့မယ် "

ကလေးကိုမပေးနိုင်တဲ့အတွက်လည်းတောင်းပန်ပါတယ် မင်းမင်း။ ငါကနင့်ကိုချစ်တဲ့သူမလို့ နင့်ကိုယ်ပွားလေးကို ငါ့ကို ပျော်ရွှင်စေမှာ။

ကစ်ကစ်အရင်လိုမျိုးကျောခိုင်းထွက်သွားတာကို သူမတားမိတော့။ ‌သူနဲ့ကစ်ကစ်က ပေါင်းစပ်လို့မရတဲ့လူနှစ်ဦးဆိုပေမဲ့ ကောင်းကောင်းမွန်မွန်တော့ လမ်းခွဲလို့ရတယ်မလား???

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

"ညည်းတို့လင်မယားကြားထဲမှာ အနှောင့်အယှက်တစ်ချို့ကျန်နေသေးတယ်"

"ရှင် အဲ့တာ ဘာလဲဟင် ဆရာမကြီး"

ဗေဒင်ဆရာမကြီးစကားကြောင့် ရာရာမျက်လုံးပြူးသွားပြီး ဦးသူ့ကိုအလန့်တကြားကြည့်လိုက်ပေမဲ့ ဦးသူ့ကတော့ ဘာမှခံစားရပုံမပေါ် ရှေ့က ဗေဒင်ဆရာမဆီကိုသာ အကြည့်ပို့ထားသည်။

"ဇာတာတွက်ချက်မှုအရ ဇနီးသည်က ခင်ပွန်းသည်ကို မကောင်းတာတွေပဲဖြစ်စေတယ် မောင်ရင် အခုရက်ပိုင်း ထိခိုက်တာတွေပဲဆက်တိုက်ဖြစ်လိမ့်မယ် ထိခိုက်တာမဖြစ်ရင်လည်း အလုပ်မှာ အနှောင့်အယှက်မျိုးစုံကြုံရလိမ့်မယ် "

"ဆရာမ ဒါတွေအားလုံးက ကျွန်မကြောင့်လား"

"ဟုတ်တယ်ဆိုပေမဲ့ အပြည့်အဝလည်းမဟုတ်ပြန်ဘူး "

"ရှင်..."

"ဒီလိုပါ ဟုတ်တယ်ဆိုတာက ညည်းက ညည်းယောက်ျားကို ဆိုးကျိုးတွေဖြစ်ပေါ်စေတယ် အပြည့်အဝမဟုတ်ဘူးဆိုတာက ဖြစ်ရပ်အားလုံးက ညည်းကြောင့်မဟုတ်ဘူး ညည်းယောကျာ်းရဲ့ကံဇာတာကြောင့်လည်းပါတယ်"

"ရှင် ဆရာမ ဒါဆို ကျွန်မတို့ဘယ်လိုလုပ်ရမလဲ"

"ယတြာချေရမယ် ညည်းနဲ့ညည်းယောက်ျား ညည်းမွေးနေ့မတိုင်ခင်ထိ အတူတူနေလို့မရဘူး ခပ်ခွါခွါနေရမယ် လက်ကိုင်တာ၊နမ်းတာမလုပ်ရဘူး "

"မဖြစ်နိုင်တာတွေ..."

သူ့ ကြားဖြတ်ဝင်ပြောလိုက်သဖြင့် ဗေဒင်ဆရာမရဲ့ခပ်စိမ်းစိမ်းအကြည့်က သူ့ဆီရောက်လာသည်။

ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန်တီးသောအချစ်သ‌င်္ကေတ (Season 2)[Completed]Where stories live. Discover now