မနေ့ကသူစိတ်လောပြီးBlockမိတာကိုအခုမှအားနာလာရသည်..Jiminကသူ့အပေါ်အများကြီးကောင်းပေးခဲ့တာပဲလေ...

"မင်းမနေ့ကငါ့ကိုblockသွားတော့ ငါဘယ်လောက်တောင်စိတ်မကောင်းဖြစ်ရလည်းသိလား"

Jimin က Taehyung ဘေးဝင်ထိုင်ကာပြောလိုက်သည်...

"တောင်းပန်ပါတယ် ငါအရမ်းလန့်သွားခဲ့တာမင်းကငါ့ကိုရော ငါချစ်တဲ့သူကိုပါသိနေတာဆိုတော့လေ"

Jimin ကTaehyungရဲ့ပုခုံးကိုလက်နဲ့ပုတ်ပြီးကိုင်လိုက်သည်...

"ငါဘယ်သူ့ကိုမှမပြောပြပါဘူးကွာ အရမ်းလည်းမလန့်ပါနဲ့ မင်းငါ့ကိုစာနဲ့ပြောရမှာထက်လူကိုယ်တိုင်ပြောတာကမင်းအတွက်ပိုအကျိုးရှိမယ်လို့ငါထင်လိုက်လို့ပါ"

"တောင်းပန်ပါတယ် ငါအရမ်းလွန်သွားတယ်"

"တောင်းပန်ရင်ငါ့ကိုblockပြန်ဖြေပေးလေ ပြီးတော့ငါ့ကိုမုန့်လိုက်ဝယ်ကျွေးပေါ့"

"ကောင်းပြီ မင်းဘာစားချင်လည်းစဥ်းစားထားလိုက် ကျောင်းပိတ်ရင်ငါလိုက်ဝယ်ကျွေးမယ် "

"Ok..ကတိနော်"

"Ok "

အဲ့လိုနဲ့ Taehyung မှာ Jimin ဆိုတဲ့သူငယ်ချင်းတစ်ယောက်ပါထပ်တိုးလာခဲ့သည်...

Jungkook ကတော့Taehyung သူငယ်ချင်းအသစ်ရသွားတာကိုမကျေမနပ်တွေဖြစ်နေတော့သည်..ပြီးတော့ Taehyung အပေါ်ကို Jiminကြည့်တဲ့အကြည့်တွေကိုဘဝင်မကျဘူး..Soyoung ကတော့ သူ့ထက်အရေးပေးခံရတဲ့ Taehyung ကိုတနေ့တခြားပိုပိုပြီးအမြင်မကြည်ဖြစ်လာသည်..

ငယ်ငယ်တည်းကTaehyung နဲ့ယှဥ်ရင်အမြဲသူ့ကိုရွေးကြတာလေ..အခုတော့ Jimin ရော Jungkook ကပါသူ့ထက်Taehyung ပေါ်သာအလေးပေးနေတာမြင်ရတော့စိတ်တိုလာသည်..Jimin ဆိုပိုဆိုးသည်.. သူမကTaehyung ကိုတစ်ခုခုခိုင်းပြီဆို Jimin ကပဲထလုပ်ပေးတာကြောင့် နောက်ပိုင်းသူမTaehyungကိုသိပ်မခိုင်းဖြစ်တော့...မဟုတ်ရင် Jimin ရဲ့fangirlလေးတွေက​သူမကိုတခုခုလုပ်နိုင်သည်လေ...Jimin ကလည်းJungkook နီးနီးနာမည်ကြီးသည်...

Taehyung အတွက်တော့နာမည်ကြီး၃ယောက်နဲ့နေရတာကြောင့် ဒေါင်းယောင်ဆောင်သောကျီးကန်းလေးလိုဖြစ်နေသည်...ကျောင်းမှာရှိတဲ့ ၈၀ ရာခိုင်နှုန်းလောက်က Taehyung ဖြစ်ချင်နေကြသည်...

MAY BE FRIEND (Complete)Opowieści tętniące życiem. Odkryj je teraz