_1_We're both young when I first saw you.

8K 199 3
                                    

ကျနော်က ဒီမိန်းကလေးနဲ့ ကောင်းမွန်သော တွေ့ခြင်းမျိုးနဲ့ ဆုံတွေ့ခဲ့ကြတာမဟုတ်ပါဘူး။ ဒဏ်ရာရပြီးကစလူတစ်ယောက်က သွေးအလိမ်းလိမ်း ဒဏ်ရာအထပ်ထပ်နဲ့အသားကျနေတဲ့ လူနဲ့ ဆုံတွေ့ခဲ့သလိုမျိုး.... ရွှဲနစ်နေအောင် မိုးစိုနေလို့ မိုးခိုဖို့ သစ်ပင်အောက်ကို ဝင်ခဲ့ရင်း မိုးစိုနေနှင့်ပြီးသား လူတစ်ယာက်နဲ့ ဆုံခဲ့ရသလိုမျိုး.... သူမကို ကျနော်တွေ့ခဲ့ရတာပါ။

မိဘနှစ်ပါးကို တစ်နေ့ထဲ တစ်ပြိုင်ထဲ ဆုံးရှုံးခဲ့ရပြီး နောက်ရက်မှာ အမေကြီးက ကျနော်တို့ ညီအကိုကို ဖေဖေ့ရဲ့ ဇာတိမြို့ကလေးဆီကို ပြန်ခေါ်သွားခဲ့တယ်။ ကျနော်တို့ဘဝမှာ ရွေးချယ်ခွင့်တွေကို အဲ့ဒီနေ့ကတည်းက စတင် ဆုံးရှုံးခဲ့ရတာပေါ့။ ငယ်လွန်းသေးတဲ့ ကျနော်တို့တတွေက မိဘက ရုပ်ဝတ္ထု ပစ္စည်းဥစ္စာတွေကို ချန်ရစ်ခဲ့ပြီး ထွက်သွားခဲ့ကြတယ်ဆိုပေမယ့် အဲ့ဒီအချိန်တုန်းက ကျနော်တို့ လိုအပ်နေခဲ့တာက ရွှေငွေတွေမှ မဟုတ်တာ။ ရုတ်တရက်ပျောက်ဆုံးသွားခဲ့တဲ့ နွေးထွေးတဲ့ မေတ္တာတွေလေ။ ဒါပေမယ့် အစားထိုးမရနိုင်တာကလည်း.... အဲ့ဒီအရာပဲမလား။ ငွေပုံကြီးပေါ်ထိုင်ပြီး ကျနော်တို့ဟာ မေတ္တာတရားကို ချို့တဲ့သွာ ကြီးပြင်းသွားရတော့မှာ....

" ပိုင်ပိုင်.... နိုင်နိုင်.... သူက.... အလိမ္မာတဲ့.... မင်းတို့အခုကစပြီး မောင်နှမတွေဖြစ်သွားကြပြီနော် " တဲ့။ အမေကြီးရဲ့ စကားတွေထဲမှာ အဲ့ဒီစကားတစ်ခွန်းပဲ နူးညံ့ညင်သာခဲ့တာမို့ ကျနော့မှတ်ဉာဏ်ထဲမှာ စွဲနေတုန်းပဲ။

" ပိုပိုင်နဲ့ ရွယ်တူပဲ ဖြစ်မယ်ထင်တယ်.... "

အဲ့ဒီနေ့က ကျနော် အလိမ္မာဆိုတဲ့ သူမကို စတွေ့ခဲ့တာ။ မှုန်ရီမှိုင်းပြနေတဲ့ သူမမျက်ဝန်းတွေက ကျနော့်ကို တွေ့တော့ ပြုံးပြခဲ့ကြသေးတယ်။

" နိုင်နိုင်က အကြီးဆိုတော့ ပြောစရာမလိုပါဘူး။ အလိမ္မာ.... ပိုင်ပိုင်နဲ့ ချစ်ချစ်ခင်ခင်နေရမယ်နော်"

အမေကြီးရဲ့ စကားတစ်ခွန်းထဲနဲ့..... အလိမ္မာဆိုတဲ့ အဲ့ဒီမိန်းကလေးက.... တစ်ဘဝလုံးစာ ကျနော်နောက်ကို လိုက်လာခဲ့ပြီး.... ကျနော့်ကို အမြဲ ကာကွယ် စောင့်ရှောက်လာခဲ့တာ.....

Forever HomeWhere stories live. Discover now